



Source: May Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန် ကာလအတွင်း တရား အားထုတ်ဖို့ သာသနာ့ဘောင်ကို (၉) ရက်တာဝင်သွားပြီဖြစ်တဲ့ မိတ်ကပ် မေဦး

နိုင်ငံကျော် မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ မေဦးဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေဦးက သူ့ရဲ့ မိတ်ကပ်ပညာကြောင့်သာမက ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သူနဲ့ ဟန်လင်းရဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေဦးက သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး တရားအားထုတ် နေပြီလို့ သိရပါတယ်။ မေဦးက “ဘုရားတပည့်တော်သည် သံသရာဝဠ်ဒုက္ခမှ လွတ်မြောက်ခြင်းအလို့ငှါ ဿသနာ့ဘောင်သို့ ၉ ရက်တိတိ ဝင်၍ တရားအားထုပ်ပါမည် အရှင်ဘုရား။” ဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။

မေဦးကတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ အားလပ်တဲ့အချိန်လေးကို တရားအားထုတ်ပြီး ဖြတ်သန်းမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သာသနာ့ဘောင်ကို ဝင်ရောက်ပြီး တရားအားထုတ်မယ့် မေဦးအတွက် ကုသိုလ်ခေါ်ပေးကြပါဦးနော်။

Source: May Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!