“သူမေန႕စဥ္ျပဳတဲ့ကုသိုလ္ေလးေတြကို ပရိသတ္ေတြအတြက္ မွ်ေဝလာခဲ့တဲ့ စိုးျမတ္နႏၵာ”

သဘာဝက်က် သရုပ္ေဆာင္ခ်က္ေတြနဲ႕ သရုပ္ေဆာင္ေကာင္းတဲ့ မင္းသမီးေခ်ာ စိုးျမတ္နႏၵာကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ “မာမီရယ္ ရွာေပးကြယ္ နံပါတ္ဝမ္း.. လိုခ်င္တယ္” ေၾကာ္ျငာအသံေလးၾကားတာနဲ႕ မင္းသမီးစိုးျမတ္နႏၵာေလးကို သြားျမင္မိမယ္ ထင္ပါတယ္..။ ခ်စ္ဖို႕ေကာင္းလြန္းတဲ့ အမူအရာေလးေတြနဲ႕ ပရိသတ္ေတြရဲ႕ အသည္းကို သိမ္းပိုက္ခဲ့တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္..။ လက္ရွိမွာ စိုးျမတ္နႏၵာကေတာ့ အနုပညာအလုပ္ေတြကို မလုပ္ကိုင္ေတာ့ဘဲ စီးပြားေရးကိုသာ ဦးစားေပးလုပ္ကိုင္ကာ ေအးခ်မ္းစြာ ဘဝကို ျဖတ္သန္းေနသူ ပဲျဖစ္ပါတယ္..။

 

 

 

အနုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ေပမယ့္ ခ်စ္ရတဲ့ ပရိသတ္ေတြကေတာ့ လက္ရွိအခ်ိန္ထိ ဒါဒါေလးကို ခ်စ္ခင္ အားေပးေနဆဲပါ..။ သူမရဲ႕ ေန႕စဥ္ ျဖတ္သန္းေနတဲ့ ပံုရိပ္ေလးေတြနဲ႕အတူ ပရိသတ္ေတြနဲ႕ Live လႊင့္ကာ ရင္းရင္းနွီးႏွီး ေျပာဆိုေလ့ရွိသူပါ..။ ဒီေန႕ဧၿပီလ (၉)ရက္ေန႕မွာေတာ့ သူမေန႕တိုင္း ယူျဖစ္တဲ့ ကုသိုလ္ေလးကို ပရိသတ္ေတြအတြက္ မွ်ေဝကာ “ေန႔စဥ္ျပဳတဲ့ကုသိုလ္…. သူမ်ားေတြလို အဓိဌာန္ရယ္လို႔ အမ်ားႀကီးမလုပ္ႏိုင္ပါဘူး .. ။ ေရလမ္းပန္းလမ္းမီးလမ္း တို႔ ဓာတ္ႀကီးေလးပါး တို႔လည္း လုပ္ခ်င္ေပမဲ့ တစ္ခါမွ မလုပ္ဖူးပါဘူး .. ။ ဒါေပမဲ့ ေန႔စဥ္ ဒါေလးေတြေတာ့ အခ်ိန္ေလးေတြခြဲၿပီး မပ်က္မကြက္ပူေဇာ္ျဖစ္ပါတယ္ …။ အက်ိဳးေက်းဇူးကေတာ့ ဘဝမွာလိုရာဆႏၵျပည့္ဝသလို အခက္ခဲတိုင္းကို ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ပါတယ္..။ ကိုယ့္အေပၚ မေကာင္းႀကံတဲ့သူေတြလည္း သူတို႔ စိတ္နဲ႔သူတို႔ အက်ိဳးေပးခံရပါတယ္ ..။

 

 

ေလာကဓံ ၈ ပါးကိုလဲ အၿပဳံးနဲ႔ ရင္ဆိုင္ႏိုင္စြမ္းရွိပါတယ္ .. ။ ဒါေတြပူေဇာ္ဖို႔ ရယ္ အက်ိဳးလိုစိတ္နဲ႔မပူေဇာ္ဖို႔ ဆိုဆုံးမတဲ့ ဆရာသမားေတြကို ႐ိုေသစြာကန္ေတာ့လိုက္ပါတယ္။ ေန႔စဥ္ဘာကုသိုလ္ေလးေတြ လုပ္ၾက/ပူေဇာ္ၾကလဲဆိုတာ ေျပာျပပါေနာ္..။SMND” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။ ကိုယ္တိုင္ ေန႕စဥ္ယူျဖစ္ေနတဲ့ သီလကုသိုလ္ေလးကို သူမရဲ႕ ပရိသတ္ေတြလည္း တစ္နိုင္တစ္ပိုင္ လုပ္ေဆာင္ကာ ကုသိုလ္ယူနိုင္ေအာင္ မွ်ေဝတင္ေပးလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း စိုးျမတ္နႏၵာရဲ႕ ေန႕စဥ္ကုသိုလ္ယူနည္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: SOE MYAT NANDAR’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူမနေ့စဉ်ပြုတဲ့ကုသိုလ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တဲ့ စိုးမြတ်နန္ဒာ”

သဘာဝကျကျ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချော စိုးမြတ်နန္ဒာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ “မာမီရယ် ရှာပေးကွယ် နံပါတ်ဝမ်း.. လိုချင်တယ်” ကြော်ငြာအသံလေးကြားတာနဲ့ မင်းသမီးစိုးမြတ်နန္ဒာလေးကို သွားမြင်မိမယ် ထင်ပါတယ်..။ ချစ်ဖို့ကောင်းလွန်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်..။ လက်ရှိမှာ စိုးမြတ်နန္ဒာကတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာ ဦးစားပေးလုပ်ကိုင်ကာ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေသူပဲဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေမယ့် ချစ်ရတဲ့ ပရိသတ်တွေကတော့ လက်ရှိအချိန်ထိ ဒါဒါလေးကို ချစ်ခင် အားပေးနေဆဲပါ..။ သူမရဲ့ နေ့စဉ် ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ Live လွှင့်ကာ ရင်းရင်းနှီးနှီး ပြောဆိုလေ့ရှိသူပါ..။ ဒီနေ့ဧပြီလ (၉)ရက်နေ့မှာတော့ သူမနေ့တိုင်း ယူဖြစ်တဲ့ ကုသိုလ်လေးကို ပရိသတ်တွေအတွက် မျှဝေကာ “နေ့စဉ်ပြုတဲ့ကုသိုလ်…. သူများတွေလို အဓိဌာန်ရယ်လို့ အများကြီးမလုပ်နိုင်ပါဘူး .. ။ ရေလမ်းပန်းလမ်းမီးလမ်း တို့ ဓာတ်ကြီးလေးပါး တို့လည်း လုပ်ချင်ပေမဲ့ တစ်ခါမှ မလုပ်ဖူးပါဘူး .. ။ ဒါပေမဲ့ နေ့စဉ် ဒါလေးတွေတော့ အချိန်လေးတွေခွဲပြီး မပျက်မကွက်ပူဇော်ဖြစ်ပါတယ် …။ အကျိုးကျေးဇူးကတော့ ဘဝမှာလိုရာဆန္ဒပြည့်ဝသလို အခက်ခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါတယ်..။ ကိုယ့်အပေါ် မကောင်းကြံတဲ့သူတွေလည်း သူတို့ စိတ်နဲ့သူတို့ အကျိုးပေးခံရပါတယ် ..။

လောကဓံ ၈ ပါးကိုလဲ အပြုံးနဲ့ ရင်ဆိုင်နိုင်စွမ်းရှိပါတယ် .. ။ ဒါတွေပူဇော်ဖို့ ရယ် အကျိုးလိုစိတ်နဲ့မပူဇော်ဖို့ ဆိုဆုံးမတဲ့ ဆရာသမားတွေကို ရိုသေစွာကန်တော့လိုက်ပါတယ်။ နေ့စဉ်ဘာကုသိုလ်လေးတွေ လုပ်ကြ/ပူဇော်ကြလဲဆိုတာ ပြောပြပါနော်..။SMND” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ ကိုယ်တိုင် နေ့စဉ်ယူဖြစ်နေတဲ့ သီလကုသိုလ်လေးကို သူမရဲ့ ပရိသတ်တွေလည်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ကာ ကုသိုလ်ယူနိုင်အောင် မျှဝေတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း စိုးမြတ်နန္ဒာရဲ့ နေ့စဉ်ကုသိုလ်ယူနည်းလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: SOE MYAT NANDAR’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!