ယူနီကုဒ်ဖြင့် ဖတ်ရန်
“သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့ သိန်း(၁၆၀)ကျော်လှူခဲ့တဲ့ အလှူအတွက် ထပ်တူဝမ်းမြောက်ကြည်နူးမိတယ်ဆိုတဲ့ ယုန်လေး”
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေး ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးချစ်ခင်ပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ “Original Gangstar” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ အားပေးမှုတွေကို ရုပ်ရှင်နယ်ပယ်ဘက်မှာပါ ရရှိခဲ့ပြီး သူငယ်ချင်းဖြစ်သူ မြင့်မြတ်နဲ့လည်း စတင် ရင်းနှီးခဲ့ကြတယ်လို့ ဆိုရမှာပါ..။ မြင့်မြတ်နဲ့ ကားရိုက်အမြဲတမ်း ပါခဲ့ပြီး အပြင်မှာလည်း ညီအစ်ကိုအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့သူတွေပဲဖြစ်ပါတယ်..။
ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာ သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့ PPE ဝတ်စုံပေါင်း(၁၀၄၀)စာ သိန်း(၁၆၀)ကျော်ကို လှူခဲ့တဲ့ အလှူအပေါ် ကြည်နူးပီတိ ဝမ်းမြောက်ဂုဏ်ယူမိတဲ့ အကြောင်းလေးကို “ဟိုနေ့က အလှူက သူနဲ့ အဆက်သွယ်မရခင် မြင့်မြတ် (၁၀)သိန်းဆိုပြီး ကိုယ်စိတ်နဲ့ကိုယ် ထည့်လိုက်တာ . သူသိရင် ပိုလှူမှာပါလို့ ပြောခဲ့တယ် .။ ထင်တဲ့အတိုင်း သိန်း (၁၆၀) ကျော် . PPE (1040) စာ လှူခဲ့ပါတယ်။OG Family . ဂုဏ်ယူပါတယ်..။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့ စိတ်ဓာတ်နဲ့ အလှူအပေါ် ထပ်တူထပ်မျှဝမ်းမြောက် ဂုဏ်ယူနေတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ အလှူအတွက် သာဓု ခေါ်ပေးသွားကြပါဦးနော်..။
Source: Yone Lay’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!