

 


 

 


 

 

Source: Myat Wai Tun’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သိန်းပေါင်း (၁၆၀) ကျော် တန်ဖိုးရှိ PPE ဝတ်စုံများကို ဝေဘာဂီဆေးရုံသို့ လှူဒါန်းခဲ့တဲ့ မြင့်မြတ်တို့ မိသားစု

မင်းသားချော မြင့်မြတ်က သရုပ်ဆောင်တဲ့နေရာမှာ တိကျပြီး အပိုအလို မရှိသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။ မြင့်မြတ်က အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေရင်း သူ့ရဲ့ မိသားစုလေးကိုလည်း အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ မြင့်မြတ်က သူရှာလို့ရသမျှ အနုပညာကြေးတွေကို အလှူအတန်းတွေ ရက်ရက်ရောရော ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။

မြင့်မြတ်တို့ မိသားစုက ဒီကနေ့မှာလည်း ကျပ်သိန်း ( 16,240,000 ) တန်ဖိုးရှိ PPE ဝတ်စုံ ( 1040 ) ကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးသို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မရမ်းကုန်းမြို့နယ် ၁ဝရပ်ကွက်မှာလည်း ဆန်နဲ့ ဆီများ လှူဒါန်းခဲ့ပါသေးတယ်။

မြင့်မြတ်ကတော့ သူလှူသမျှအစုစုကို ဘယ်သောအခါမှ ကိုယ်တိုင်ထုတ်ပြောလေ့မရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ် နဲ့ ဇနီး မခင်သူအောင်၊ သားလေး မောင်မြတ်သူတို့ရဲ့ ကောင်းမှူလေးကို သာဓုအနုမောဓနာခေါ်ပေးကြပါဦးနော်။

Source: Myat Wai Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!