

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

မီးသတ်ဝတ်စုံအပြည့်ဝတ်ပြီး မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာ စိတ်ရောလူပါကူညီ ငြိမ်းသတ်ပေးနေတဲ့ ထွန်းကိုကို

FACE of MYANMAR 2013 Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် ထွန်းကိုကိုကို မိန်းကလေးတိုင်း သဲသဲလှုပ်ကြိုက်ကြမယ် ထင်ပါတယ်။ ထွန်းကိုကိုက သူ့ရဲ့ ရုပ်ရည်ကြောင့်သာမကပဲ ပရဟိတစိတ်အပြည့်နဲ့ အရာရာကို ကူညီဆောင်ရွက်ပေးတတ်တဲ့ စိတ်ထားကြောင့်လည်း လူသိများ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ထွန်းကိုကိုက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းတွင် ဖြစ်ပွားတဲ့ မီးလောင်မှုမှာ သူကိုယ်တိုင် မီးသတ်ဝတ်စုံဝတ်ပြီး ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထွန်းကိုကို ရဲ့ လှုပ်ရှားမှုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ထွန်းကိုကိုကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အသင်းသားတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပရဟိတမင်းသားချော ထွန်းကိုကိုရဲ့ ကုသိုလ်လေးကို ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။

Source: Yanpaing Tunko’s fb
Bilie – Cele Connections

error: Alert: Content is protected !!