“ဘုန္းႀကီးေက်ာင္းနဲ႔ သီလရွင္ေက်ာင္း (၂ )ေက်ာင္းစာနဲ႕အတူ ေစာ္ဘြားႀကီးကုန္း ရပ္ကြက္ၾကီး (၁၁)မွာ အိမ္ေျခ(၁၀၀)စာအတြက္ ဆန္၊ဆီ လွဴဒါန္းခဲ့တဲ့ အိေခ်ာပို”

ကာရိုက္တာတို္င္းကို ေဆးစက္က်ရာ အရုပ္ထင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာ အိေခ်ာပိုကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ အမိုက္စား လွပတဲ့ ေဘာ္ဒီေကာက္ေၾကာင္းဟာလည္း မိန္းကေလးပရိသတ္ေတြရဲ႕ အားက် နွစ္သက္အားေပးမႈေတြကို ရရွိေနၿပီး ပုရိသပရိသတ္ေတြရဲ႕ အသည္းေက်ာ္ မင္းသမီးတစ္လက္လို႕ ေျပာရင္မွားမယ္ မထင္ပါဘူး..။ သူမရဲ႕ အနုပညာအလုပ္ေတြကို လုပ္ကုိင္သလို လိုအပ္တဲ့ ေနရာေတြမွာလည္းၾကံဳရင္ၾကံဳသလို လွဴဒါန္းကာ အလွဴအတန္းျပဳလုပ္တတ္တဲ့သူ ပဲျဖစ္ပါတယ္..။

 

 

 

ဧၿပီလ (၈)ရက္ေန႕ က ဦးေက်ာ္သူ ဦးေဆာင္တဲ့ နာေရးကူညီမႈအသင္းမွာ လိုအပ္တဲ့ ေရကုသိုလ္ေတာ္ အလွဴကို လွဴဒါန္းခဲ့ၿပီး ဒီေန႕ ဧၿပီလ (၉)ရက္ေန႕မွာေတာ့ အိေခ်ာေလးက “ယေန႔တတ္ႏိုင္သမွ် အလွဴေလးလုပ္ျဖစ္ခဲ့ပါတယ္.။ ဘုန္းႀကီးေက်ာင္းနဲ႔ သီလရွင္ေက်ာင္း ၂ ေက်ာင္းစာ ဆန္ (၃)အိတ္၊ ဆီ (၃)ပိႆာ (၃)ပုံး၊ ေရကဒ္ (၂၀) အလွဴ..။ ေစာ္ဘြားႀကီးကုန္း ရပ္ကြက္ႀကီး (၁၁) မွာ အိမ္ေျခ (၁၀၀ )စာအတြက္ ဆန္ (၅)ျပည္ ဆီ (၅၀)သား အလွဴ.။ လွဴဖို႔အတြက္ စနစ္တက်ေလးျဖစ္ေအာင္ ဝိုင္းဝန္းကူညီေပးၾကတဲ့ ဘုန္းဘုန္းႀကီး ၊ ရပ္ကြက္လူႀကီးမ်ား ၊ တာဝန္ရွိသူမ်ားအားလုံးေက်းဇူးတင္ပါတယ္ရွင့္။

 

 

 

အိမ္ေျခ (၅၀၀) ေက်ာ္ရွိ ေစာ္ဘြားႀကီးကုန္းက ရပ္ကြက္ႀကီးမ်ားမွာ လွဴဒါန္းခ်င္သူမ်ားလည္း သြားေရာက္ လွဴဒါန္းလို႔ရပါတယ္ရွင့္.။ စူစူ” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ အိေခ်ာေလးကေတာ့ သူမတတ္နိုင္သေလာက္ေလးကို ကိုယ္တိုင္ သြားေရာက္ကာ လွဴဒါန္းမႈေတြကို လုပ္ခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးလည္း အိေခ်ာပိုေလးရဲ႕ အလွဴအတြက္ သာဓု ေခၚဆုိသြားၾကပါဦးေနာ္..။
Source: Ei Chaw Po’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း (၂ )ကျောင်းစာနဲ့အတူ စော်ဘွားကြီးကုန်း ရပ်ကွက်ကြီး (၁၁)မှာ အိမ်ခြေ(၁၀၀)စာအတွက် ဆန်၊ဆီ လှူဒါန်းခဲ့တဲ့ အိချောပို”

ကာရိုက်တာတိုင်းကို ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော အိချောပိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အမိုက်စား လှပတဲ့ ဘော်ဒီကောက်ကြောင်းဟာလည်း မိန်းကလေးပရိသတ်တွေရဲ့ အားကျ နှစ်သက်အားပေးမှုတွေကို ရရှိနေပြီး ပုရိသပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးတစ်လက်လို့ ပြောရင်မှားမယ် မထင်ပါဘူး..။ သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်သလို လိုအပ်တဲ့ နေရာတွေမှာလည်းကြုံရင်ကြုံသလို လှူဒါန်းကာ အလှူအတန်းပြုလုပ်တတ်တဲ့သူ ပဲဖြစ်ပါတယ်..။

ဧပြီလ (၈)ရက်နေ့ က ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ လိုအပ်တဲ့ ရေကုသိုလ်တော် အလှူကို လှူဒါန်းခဲ့ပြီး ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာတော့ အိချောလေးက “ယနေ့တတ်နိုင်သမျှ အလှူလေးလုပ်ဖြစ်ခဲ့ပါတယ်.။ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၂ ကျောင်းစာ ဆန် (၃)အိတ်၊ ဆီ (၃)ပိဿာ (၃)ပုံး၊ ရေကဒ် (၂၀) အလှူ..။ စော်ဘွားကြီးကုန်း ရပ်ကွက်ကြီး (၁၁) မှာ အိမ်ခြေ (၁၀၀ )စာအတွက် ဆန် (၅)ပြည် ဆီ (၅၀)သား အလှူ.။ လှူဖို့အတွက် စနစ်တကျလေးဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ဘုန်းဘုန်းကြီး ၊ ရပ်ကွက်လူကြီးများ ၊ တာဝန်ရှိသူများအားလုံးကျေးဇူးတင်ပါတယ်ရှင့်။

အိမ်ခြေ (၅၀၀) ကျော်ရှိ စော်ဘွားကြီးကုန်းက ရပ်ကွက်ကြီးများမှာ လှူဒါန်းချင်သူများလည်း သွားရောက် လှူဒါန်းလို့ရပါတယ်ရှင့်.။ စူစူ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အိချောလေးကတော့ သူမတတ်နိုင်သလောက်လေးကို ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းမှုတွေကို လုပ်ခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း အိချောပိုလေးရဲ့ အလှူအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်..။
Source: Ei Chaw Po’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!