ယူနီကုဒ်ဖြင့် ဖတ်ရန်
“ပရိသတ်တွေအံ့သြအောင် အချစ်ရေးနဲ့ပတ်သက်ပြီး တရားဝင်ချပြလာတဲ့ ကျော်ကျော်”
မျက်နှာပြောင်လွန်းပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ကျော်ကျော်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သူငယ်ချင်းတွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ပေ့ချ်ထောင်ထားပြီး တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးပိုစ့်လေးတွေနဲ့ အပြန်အလှန်စနောက်ကာ ပျော်ပျော်နေတတ်တာတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့သူတွေ ပဲဖြစ်ပါတယ်..။
သူငယ်ချင်းတွေထဲမှာ အများဆုံး ဆေးထိုးစနောက်တတ်တဲ့ သူက ကျော်ကျော်ဆိုတာကိုတော့ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အမြဲတမ်း မျက်နှာပြောင် စနောက်ကာ ဆေးအထိုးဆုံး လူသားလို့တောင် ပြောရမယ် ထင်ပါတယ်..။ ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာလည်း ကျော်ကျော်က ပရိသတ်တွေကို ဆေးထိုးတဲ့ ပိုစ့်လေးကို တင်လာခဲ့ပါတယ်..။ ပိုစ့်လေးကတော့ “Happy Anniversary ပါချစ်သူ ..။ သူမနဲ့ချစ်သူဖြစ်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူမပေးခဲ့တဲ့ လက်ဆောင်လေးတွေကတော့ ကျွန်တော့်အတွက် အမှတ်တရတွေကြီးပါပဲ..။ အချစ်တွေနဲ့ အမြဲတမ်းသိမ်းထားပါ့မယ်လို့ ကတိပေးပါတယ်နော်..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ပုံလေးတွေကတော့ ဗလာဖြစ်နေပြီး လိုင်းကျလို့ မမြင်ရတဲ့ ပုံစံမျိုးနဲ့ ကျော်ကျော်က ပရိသတ်တွေကို ဆေးအကြီး ကြီးထိုးပြီး စနောက်လိုက်တာပဲဖြစ်ပါတယ်..။ ပရိသတ်တွေကို အထင်နဲ့ အမြင်လေးလွဲအောင် လုပ်ကာ အပျော်ကြီး ပျော်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးထဲကရော ဘယ်သူတွေများ ကျော်ကျော်ရဲ့ ဆေးထိုးပိုစ့်လေးကို မိခဲ့ကြသေးလဲ…??? ဆေးထိုးပိုစ့်လေးကို မိခဲ့တဲ့ သူတွေရှိရင်လည်း အပျော်သဘောလေးနဲ့ မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: Kyaw Naing Oo’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!