

 


 

 


 

 

Source: Dora Alex ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံခြားကနေ မိဘတွေရှိရာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ Dora Alex

အဆိုတော် Alex မှာ အဖေတူ သားချောလေး Kelvin Alex နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Dora Alex ဆိုတဲ့ အမြွှာလေးနှစ်ယောက်ရှိတာ ပရိသတ်ကြီးသိပြီးသား ဖြစ်မှာပါ။ Dora Alex ကတော့ ဖေဖေ Alex ရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိပြီး သီချင်းတွေသီဆိုသူတစ်ယောက် ဖြစ်ပါတယ်။ Dora Alex ရဲ့ ပထမဆုံးအခွေဖြစ်တဲ့ First Things First ကလည်း လူငယ်ပရိသတ်တွေကြားထဲ ရေပန်းစား အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်နေတဲ့ Dora Alex က သူမရဲ့ အခွေထွက်ပြီးပြီးချင်းပဲ နိုင်ငံခြားကို ပြန်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ Dora Alex က မိဘတွေရှိရာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။

Dora Alex ကို မျှော်နေတဲ့ ပရိသတ်တွေအတွက်ကတော့ သူမ ပြန်လည်ရောက်ရှိလာတာ ဝမ်းသာစရာပါပဲနော်။ Dora Alex တစ်ယောက် မြန်မာပြည်ပြန်ရောက်တုန်း ဘာအနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်မလဲ စောင့်ကြည့်ပေးကြဦးနော်။

Source: Dora Alex ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!