ထွက်ပြေးတိမ်းရှောင်နေတဲ့ သရုပ်ဆောင် မင်းရာ ဇာတို့ ဇနီးမောင်နှံအား ဖမ်း ဆီး ရရှိ

နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မင်းရာဇာဟာ အသက်မပြည့်သေးတဲ့ အိမ်အကူ မိန်းကလေးကို မတရားကျင့်မူ ၊ ညှင်းပန်းနှိပ်စက်မှု တို့ကြောင့် ပုဒ်မ (ပ) အမှတ်  ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို့ဖြင့် အမှုဖွင့်အရေးယူ ခံထားရသူတစ်ယောက် ဖြစ် ပါတယ်။

 

 

မင်းရာဇာနဲ့ ဇနီး  မဖူးငုံပွင့် တို့က အမှုကို ရင်မဆိုင်ပဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြတာပဲ ဖြစ်ပါတယ်။

 

 

ဒီကနေ့ ဧပြီလ (၉) ရက်နေ့ ညပိုင်းမှာတော့  ထွက်ပြေး တိမ်းရှောင်နေတဲ့ သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီး မဖူးငုံပွင့်တို့ကို ဖမ်းဆီးရရှိမိပြီး ထိန်းသိမ်းထား တယ်လို့ သိရပြီး အခုချိန်မှာတော့ ရဲစခန်းကို ပို့်ဆောင်ဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။

 

 

သရုပ်ဆောင် မင်းရာဇာကတော့  အသက်မပြည့်သေးတဲ့ မိန်းကလေးကို မတရားကျင့် နှိပ်စက်မှုနဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့်ကတော့ ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံရမှာ ဖြ စ်ပါတယ်။  အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source:  Kyaw Gyi M dy’s fb
Bilie – Cele Connections

error: Alert: Content is protected !!