

 


 

 


 

 

Source : EiChaw Po
ယူနီကုတ်ဖြင့်ဖတ်ရန်

” COVID-19 ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ကူညီပေးလျက်ရှိသော နာကူ/သီးသန့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအတွက် ရေသန့်ဗူး ကဒ်(၁၀၀)အား လှူဒါန်းခဲ့တဲ့ အိချောပို ”

CeleCoonnections ပရိသတ်ကြီးရေ အိချောပိုကတော့ ခပ်မိုက်မိုက်ဘော်ဒီကောက်ကြောင်းအလှတွေနဲ့ ပုရိသပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးတစ်ဦးပါ။ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ကြတဲ့အပြင် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူတစ်ဦးလို့ဆိုရမှာပါ။ချစ်တဲ့ပရိသတ်တွေက စူစူလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီး စူစူကတော့အဆိုပိုင်းမှာလည်း ထူးချွန်သူလေးလို့ ဆိုရမှာပါ။

အဘက်ဘက်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့ စူစူကတော့ သူ့ရဲ့ပွဲတက်စတိုင်တွေကလည်း ပရိသတ်တွေ အတွက် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်သူခင်သူတွေပေါများနေတာပဲ ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းတွေလည်းမကြာခဏပြုလုပ်တတ်တဲ့သူလေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ” ၂၀၂၀ ဧပြီ (၈)ရုပ်ရှင်သရုပ်ဆောင် အိချောပို မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ COVID-19 ရောဂါကာကွယ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကူညီပေးလျက်ရှိသော နာကူ/သီးသန့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကဒ်(၁၀၀)အား လာရောက်လှူဒါန်းပေးခဲ့ပါသည်။လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်။ ” ဆိုတဲ့ စာလေးကို နိုင်ငံကျော်ပရဟိတမင်းသားကြီး ကျော်သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရေ အိချောပိုရဲ့ ရေအလှူကုသိုလ်လေးကိုသာဓုခေါ်ခဲ့ပါဦးနော်။

Source : EiChaw Po
Candy -CeleConnections

 

error: Alert: Content is protected !!