” April လတိုင္း သီခ်င္းဗီဒီယိုသစ္လက္ေဆာင္ေပးေနက်အတိုင္း ပရိသတ္ေတြကိုဒီႏွစ္အတြက္ လက္ေဆာင္တစ္ခုေပး လိုက္တဲ့ စိုင္းစိုင္း “

CeleConnections ပရိသတ္ႀကီးေရ စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္ အသက္အ႐ြယ္မ်ိဳးစုံ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ သူတစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏိုင္တဲ့ ထိပ္တန္းရွားရွားပါးပါးအႏုပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။ပရိသတ္ေတြ အ႐ြယ္မ်ိဳးစုံ အားေပးတဲ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏိုင္ေသာ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ သူဘာလုပ္လုပ္ အျပည့္အ၀ ေထာက္ခံအားေပးရေလာက္ေအာင္ ပရိသတ္အမာခံေတြရွိတယ္ဆိုရင္လည္း မမွားပါဘူးေနာ္။

ဒါ့အျပင္ စိုင္းစိုင္းကေတာ့ ယခုလက္ရွိမွာ ျဖစ္ပြားေနတဲ့ Covid 19 နဲ႔ပတ္သက္ၿပီး ထိပ္ဆုံးကေန ပါဝင္ကာ ပရိသတ္ေတြကို ေဆာင္ရန္ေရွာင္ရန္ေတြကို ႏႈိးေဆာ္ေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ လႉဒါန္းမႈအေနနဲ႔လည္း ေရွ႕ဆုံးကေနအင္တိုက္အားတိုက္လုပ္ကိုင္ေနတဲ့သူတစ္ေယာက္ျဖစ္ၿပီး အႏုပညာရွင္ေတြအေနနဲ႔ ျပဳလုပ္ခဲ့တဲ့ COVID 19 နဲ႔ ပတ္သက္တဲ့ CHALLENGING ေတြလည္း ျပဳလုပ္ကာ ပါဝင္အားျဖည့္ေနတာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ” April လတိုင္း သီခ်င္းဗီဒီယိုသစ္လက္ေဆာင္ေပးေနက်မွာ ဒီႏွစ္ေတာ့ ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း Live in national theatre ထဲက ပထမဆုံး Single အျဖစ္
အိုကမာၻေျမ သီခ်င္းကို ျဖန႔္ခ်ိလိုက္ပါတယ္ဒီသီခ်င္းက 2004 ဆူနာမီအၿပီးမွာေရးခဲ့တဲ့ Rap ေတြျဖစ္ၿပီးေတာ့ Dream Lover တီးဝိုင္းရယ္ ဂီတကဗ်ာ Orchestraရယ္နဲ႔ တြဲဖက္ၿပီး တစ္ပုဒ္လုံး ျပန္လည္ဆန္းသစ္ထားတာပါ( က်ေနာ္ Rap အသစ္ေတြ မေရးႏိုင္ခင္မွာ ဒီသီခ်င္းေလးကို အရင္ခံစားေပးပါလို႔ ပန္ၾကားအပ္ပါတယ္ )လူေတြအကုန္လုံး ေနေကာင္းက်န္းမာၿပီးအရာရာ အျမန္ဆုံးျပန္လည္အဆင္ေျပပါေစ ” ဆိုတဲ့စာေလးနဲ႕အတူ သီခ်င္းေလးကို ေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း စိုင္းစိုင္းရဲ႕ အိုကမာၻေျမ သီခ်င္းကိုသေဘာက်ရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : SaiSaiKham Leng
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” April လတိုင်း သီချင်းဗီဒီယိုသစ်လက်ဆောင်ပေးနေကျအတိုင်း ပရိသတ်တွေကိုဒီနှစ်အတွက် လက်ဆောင်တစ်ခုပေး လိုက်တဲ့ စိုင်းစိုင်း ”

CeleConnections ပရိသတ်ကြီးရေ စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူဘာလုပ်လုပ် အပြည့်အ၀ ထောက်ခံအားပေးရလောက်အောင် ပရိသတ်အမာခံတွေရှိတယ်ဆိုရင်လည်း မမှားပါဘူးနော်။

ဒါ့အပြင် စိုင်းစိုင်းကတော့ ယခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပါဝင်ကာ ပရိသတ်တွေကို ဆောင်ရန်ရှောင်ရန်တွေကို နှိုးဆော်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လှူဒါန်းမှုအနေနဲ့လည်း ရှေ့ဆုံးကနေအင်တိုက်အားတိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေအနေနဲ့ ပြုလုပ်ခဲ့တဲ့ COVID 19 နဲ့ ပတ်သက်တဲ့ CHALLENGING တွေလည်း ပြုလုပ်ကာ ပါဝင်အားဖြည့်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ” April လတိုင်း သီချင်းဗီဒီယိုသစ်လက်ဆောင်ပေးနေကျမှာ ဒီနှစ်တော့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်း Live in national theatre ထဲက ပထမဆုံး Single အဖြစ်
အိုကမ္ဘာမြေ သီချင်းကို ဖြန့်ချိလိုက်ပါတယ်ဒီသီချင်းက 2004 ဆူနာမီအပြီးမှာရေးခဲ့တဲ့ Rap တွေဖြစ်ပြီးတော့ Dream Lover တီးဝိုင်းရယ် ဂီတကဗျာ Orchestraရယ်နဲ့ တွဲဖက်ပြီး တစ်ပုဒ်လုံး ပြန်လည်ဆန်းသစ်ထားတာပါ( ကျနော် Rap အသစ်တွေ မရေးနိုင်ခင်မှာ ဒီသီချင်းလေးကို အရင်ခံစားပေးပါလို့ ပန်ကြားအပ်ပါတယ် )လူတွေအကုန်လုံး နေကောင်းကျန်းမာပြီးအရာရာ အမြန်ဆုံးပြန်လည်အဆင်ပြေပါစေ ” ဆိုတဲ့စာလေးနဲ့အတူ သီချင်းလေးကို ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ အိုကမ္ဘာမြေ သီချင်းကိုသဘောကျရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : SaiSaiKham Leng
Candy –CeleConnections

error: Alert: Content is protected !!