

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြည်သူတွေအိမ်ထဲကအိမ်ပြင်မထွက်တဲ့အချိန်မှာ ဆေးရုံကခွဲစိတ်ခန်းထဲမှာ ကြိုးစားပန်းစားအလုပ်လုပ်နေတဲ့ ပိုးမမှီသာ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ မြေတောက်မြှောက်ပေးမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ တက်သစ်စမင်းသမီးလေး ပိုးမမှီသာက လတ်တလောမှာတော့ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို အပြည့်အဝရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ဟောက်ဆာဂျင်ဆရာဝန်မလေးတစ်ယောက်ဖြစ်တာမို့ ကျောင်းသင်ခန်းစာတွေကိုလည်း အချိန်ပေး လေ့လာသင်ယူနေတာ ဖြစ်ပါတယ်။

Covid – 19 ကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားရပေမယ့် ဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ပိုးမမှီသာကတော့ အိမ်မှာမနေနိုင်ပဲ အလုပ်တွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာက သူမရဲ့ အချိန်တော်တော်များများကို ဆေးရုံက ခွဲစိတ်ခန်းထဲမှာ အလုပ်တွေလုပ်ရင်း ဖြတ်သန်းနေရတာပဲ ဖြစ်ပါတယ်။

စေတနာဖြူတဲ့ ဆရာဝန်မလေး ပိုးမမှီသာကတော့ အလုပ်တွေလုပ်ရင်း ပရိသတ်အတွက်၊ ပြည်သူတွေအတွက် အကျိုးပြုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဒေါက်တာမလေး ပိုးမမှီသာကို ဒီထက်ပိုပြီး ချစ်ခင်အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

Source: Poe Mamhe Thar’s fb
Bilie – Cele Connections

error: Alert: Content is protected !!