

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပြည်တွင်းကူးစက်ခံရသူ (၂)ဦးသေဆုံးသတင်းကြောင့် ပိုပြီး သတိထားနေထိုင်ကြဖို့ လိုပြီလို့ ဆိုလာတဲ့ ကျော်ကျော်ဗို”

ဇာတ်သဘင်မျိုးရိုးကနေ ဆင်းသက်လာတဲ့ မင်းသားချော ကျော်ကျော်ဗိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ် ခင် ရင်းနှိးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ကာရိုက်တာတိုင်းကို စိတ်ရော ကိုယ်ရော နှစ်ကာ သရုပ်ဆောင်တတ်တဲ့ ကျော်ကျော်ဗိုကတော့ “မုန်းစွဲ”ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီကိုရော ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီကို ပါ ရရှိထားတဲ့သူပဲဖြစ်ပါတယ်..။ ကျော်ကျော်ဗိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ် အန္တရာယ်ကနေ ရှောင်ရှားကာကွယ်နေထိုင်ကြဖို့ကိုလည်း ရှေ့ဆုံးကနေ တိုက်တွန်းနေတဲ့သူပါ..။

ဒီနေ့ ဧပြီလ (၈)ရက်နေ့မနက်ပိုင်းမှာ ကြားရတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးရဲ့ သေဆုံးသတင်းကြောင့် သူ့ရဲ့ ပရိသတ်တွေကို သတိထားနေထိုင်ကြဖို့ သတိပေးစကား လေးကို “Case 16.. Covid-19 ရောဂါကူးစက်ခံရသူ ထပ်မံ ဆုံးပါးသွားပါပြီ။ ဒီနေ့တစ်ရက်အတွင်း( 2) ဦးသေဆုံးသွားပါပြီ။( 2) ဦးလုံးဟာ Local Transmission (ပြည်တွင်းကူးစက်မှု့) ကြောင့် ရောဂါကူးစက်ခံထား ခဲ့ရသူများ ဖြစ်ပါတယ်..။ သတိရှိကြပါခင်ဗျာ..StayAtHome”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ပြည်တွင်းမှာ ပဲ ကူးစက်ခံရတဲ့ သူနှစ်ဦးလည်း သေဆုံးခဲ့ပြီမို့ ပြည်သူလူတုအနေနဲ့ ပိုပြီး သတိထား နေထိုင်ကြဖို့ကို သတိပေးပြောဆိုလာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုရဲ့ သတိပေးစကားလေးလိုပဲ တကယ်ကို သတိထားနေထိုင် ကြမယ်လို့   မျှော်လင့်ပါတယ်နော်…။
Source: Kyaw Kyaw Bo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!