ယူနီကုတ်ဖြင့်ဖတ်ရန်
” မြောက်ဒဂုံမြို့နယ် မှာရှိသောအနှေးယာဉ်လုပ်သားတွေကို တတ်နိုင်သလောက် သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းခဲ့တဲ့ ထူးအောင်ရဲ့ ဗီဒီယိုဖိုင် ”
CeleConnections ပရိသတ်ကြီးရေ ထူးအောင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူပါ။ အားကစားလိုက်စားတဲ့ ထူးအောင်ရဲ့ အမိုက်စားခန္ဓာကိုယ်ကလည်း မိန်းကလေးပရိသတ်တွေကြား သည်းသည်းလှုပ်သဘောကျမှုကို ရရှိနေတာပါ။
ထူးအောင်ကတော့ Forever Group ရဲ့ မင်းသားတစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် ” ပျောက်ဆုံးနေသော အမှန်တရား ” ဇာတ်လမ်းတွဲနဲ့ ” အကြင်နာမြစ်ဖျား ” ဇာတ်လမ်းတွဲတို့မှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူအဖြစ် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။ထူးအောင်က အနုပညာမောင်နှမတချို့ကိုလည်း Gym နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ” မနေ့က ကျွန်တော်တို့ရဲ့ အလှူ ။ တစ်ယောက်ကို ဆန်၁၀ပြည်၊ ဆီတစ်ဘူး၊ Dettolဆပ်ပြာတစ်တုံး၊လက်သန့်ဆေးဘူး၊ Royal D ဓာတ်ဆား၂ထုပ်နှင့် ငွေသား၅၀၀၀ကိုမြောက်ဒဂုံမြို့နယ် မှာရှိသောအနှေးယာဉ်လုပ်သားတွေကို လှူဖြစ်ခဲ့ပါတယ်။အလှူငွေထည့်ပေးကြသော အလှူရှင်များ၊ ကူညီပေးကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ။နောင်လဲအများကြီး လှူဒါန်းနိူင်ရပါလို၏ ” ဆိုတဲ့စာသားတွေနဲ့ပြောပြလာတာပါ။ CeleConnections ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ ထူးအောင် ရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Source : Htoo Aung / 7 Sense Creation
Candy -CeleConnections
error: Alert: Content is protected !!