

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ယောက်ျားလေးတစ်ယောက်ဟာ အကျင့်လည်းမကောင်း သစ္စာလည်းမရှိရင်တော့ အထင်မကြီးတတ်ဘူးဆိုတဲ့ ပန်ကိတ်ဒါဒါ”

Beauty Blogger ဆယ်လီမလေးပန်ကိတ်ဒါဒါကို Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိနေတဲ့ ပန်ကိတ်လေးကတော့ လက်ရှိမှာ Single ဘဝနဲ့ အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း အချိန်တွေကို ကုန်ဆုံးနေသူပဲဖြစ်ပါတယ်..။ အားလပ်ချိန်လေးတွေမှာ K Drama လေးတွေကို ကြည့်ကာ သူမခံစားမိတဲ့ ခံစားချက်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။

ဒီနေ့ ဧပြီလ (၈)ရက်နေ့မှာတော့ ပန်ကိတ်လေးက “အဲ့လို ယောက္ခမမျိုး တရားရဖို့ကောင်းတယ် .။ မျိုးရိုးဗီဇဆိုတာလည်း ဖျက်မရဘူး။ သူ့အဖေတုန်းကလည်း ဖောက်ပြန်တာတဲ့.။ ခွီ .. သူ့တုန်းက အသေနာပြီး ချွေးမအလှည့်ကျ အပြစ်တွေရှာလိုက်တာ။ သူ့သားကအဖြစ်လည်းမရှိ အိမ်စရိတ်လည်းမပေးနိုင် သူ့အမေကို ဆေးကုတာတောင် ချွေးမကုပေးတာကျ ကျေးဇူးမတင် တတ်ဘူး။ ကိုယ်တွေမိန်းကလေးတွေကလည်း ချစ်ပြီးဆိုရင် ဘာဖြစ်ဖြစ်ချစ်ပြီး အနစ်နာခံတယ်။ အကျင့်လည်းမကောင်း သစ္စာလည်းမရှိရင်တော့ အထင်ကိုမကြီးတော့တာနော ။ သိဖို့..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

K Drama ကားတစ်ကားရဲ့ ဖြစ်အင်လေးကို ကြည့်ကာ သူမကိုယ်တိုင်သာ အဲ့ဒီ ဇာတ်ကားထဲက ယောက်ျားမျိုးကို အပြင်မှာ တွေ့ခဲ့ရင် အထင်ကြီးမှာ မဟုတ်ဘူး ဆိုပြီးသူမခံစားချက်နဲ့ တိုက်ဆိုင်ပြီး ရေးသားရင်ဖွင့် တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာ ရော ပန်ကိတ်လေးလို ပြတ်ပြတ်သားသားစိတ်မျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်ကလေးပရိသတ်တွေရှိရင်လည်း ထင်မြင်မိတဲ့အချက်လေးတွေကို မှတ်ချက်အဖြစ်  ရေးသားခဲ့ကြပါဦးနော်.။
Source: Ya Min Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!