

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“မေကဗျာလေးရဲ့ အသက်(၃၇)နှစ်ပြည့်မွေးနေ့လေးကို ထူးခြားစွာဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)”

 

မြန်မာနိုင်ငံရဲ့ နာမည်ကျော်Make Up Artist တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကို ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သုသုလေးကတော့ မင်းသားမင်းသမီးလေးတွေကို မိတ်ကပ်ခြယ်သရင်းနဲ့ ပရိသတ်တွေအများစုကသိလာခဲ့တယ်ဆိုရင်လည်းမမှားလောက်ပါဘူးနော်။ သုသုလေးက သူများနဲ့မတူဘဲ တမူတခြားစွာနဲ့ ပြင်ဆင်တတ်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

သုသုလေးကတော့ သူရဲ့ရထားတဲ့ ချွေးနှဲစာလေးတွေနဲ့ လိုအပ်နေတဲ့သူတွေကို တတ်နိုင်တာလေးတွေကို လှူဒါန်းလေ့ရှိကြောင်းကို သိရပါတယ်။ အိမ်မှာအနားယူနေစဉ်မှာလည်း ကိုရိုနာနဲ့ပတ်သက်တဲ့ ပညာပေးဗဟုသုတလေးတွေကို တင်ပေးရှိပါတယ်။ ဧပြီလ(၈)ရက်နေ့မှာ သုသုလေးကတော့ ဒီနှစ်ကျရောက်တဲ့ မေကဗျာမွေးနေ့လေးကို “Happy birthday အိပုံ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးထာဝရအောင်မြင်ပျော်ရွှင်ပါစေ”လို့ ဆုမွန်တောင်းကောင်းပေးလိုက်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnectionsပရိသတ်တွေအတွက် သုသုလေးရဲ့မွေးနေ့ဆုမွန်ကောင်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မေကဗျာလေးအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါအုံးနော်။

Soure… Nyi Nyi Maung’s Facebook
Angella(CeleConnections)
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!