

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အွန်လိုင်းပေါ်က စပရိုက်ဆိုပြီး လှူဒါန်းတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုံချတယ်လို့ ဆိုလာတဲ့ မောင်မောင်အေး”

နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ မောင်မောင်အေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မောင်မောင်အေးကတော့ ထူးခြားတဲ့ အစီအစဉ်တွေနဲ့ မရိုးနိုင်အောင် စီစဉ်တတ်တဲ့ အစီအစဉ်တင်ဆက်သူကောင်းတစ်ယောက် ပဲဖြစ်ပါတယ်.။ အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာလည်း ရှေ့ဆုံးကနေ ဦးစီးဦးဆောင် လုပ်တတ်သူတစ်ဦးပါ..။

ဒီနေ့ဧပြီလ (၈)ရက်နေ့မှာတော့ အွန်လိုင်းပေါ်က အလှူတစ်ခုရဲ့ မြင်ကွင်းကြောင့် မြင်မိတဲ့ သူ့အမြင်လေးကို “အလှူကို ကျေးဇူးရှင်လိုမျိုး တင်တင်စီးစီး အပေါ်စီးကနေ လှူတဲ့ကိစ္စက Surprise တဲ့လား??.။ ကိုယ့်သာ အဲ့လိုလာလုပ်ရင် အားရဝမ်းသာပျော်နေမှာလား? တနုံ့နုံ့နဲ့ဝမ်းနည်းသွားနိုင်လား ? ဆိုတာ သူများပြောပြမှ သိနိုင်ကြမှာလား ??????သေချာပြန်သွားတောင်းပန်တဲ့ပို့စ်တွေ မတွေ့ရမချင်း အဲ့လုပ်ရပ်လုပ်တဲ့သူ တယောက်မကျန်ကို ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်….။အမှားဆိုတာ မသိသေးရင်တောင် တစ်ခါမှားခွင့်ရှိပေမယ့် လုံးဝမမှားပါဘူးလို့ ဖင်ပိတ်ငြင်းပြီး အစော်ကားခံရသူတွေကို ပြန်မတောင်းပန်လည်း ဘာအရေးလဲ လို့ခံယူနေသေးရင်တော့ ပြည်သူတွေကနေ ဒဏ်ခတ်မှာ မမှုခဲ့ရင်တောင် ကိုယ့်လိပ်ပြာက ကိုယ့်ပြန် တစ်သက်လုံးခြောက်လှန့်နေတော့မှာကို မယုံမရှိကြပါနဲ့…..လို့ပဲပြောချင်ပါတယ်…..”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မောင်မောင်အေးကတော့ စပရိုက်ဆိုပြီး အထက်စီးဆန်ဆန်ပြောကာ လှူဒါန်းတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်အပေါ် သူ့အမြင်နဲ့ ရှုံ့ချကြောင်းကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲကလည်း မောင်မောင်အေးနဲ့ အမြင်တူခဲ့ရင်လည်း မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source:Mg Mg Aye’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!