အိမ်မှာနေတဲ့ကာလပတ်လုံး သဘောင်္အရုပ်ဆက်ပြီး အလုပ်ရှုပ်ဖို့ပြင်ဆင်နေပြီဆိုတဲ့ လွင်မိုး


 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေတဲ့ကာလပတ်လုံး သဘောၤအရုပ်ဆက်ပြီး အလုပ်ရှုပ်ဖို့ပြင်ဆင်နေပြီဆိုတဲ့ လွင်မိုး

မင်းသားကြီးလွင်မိုးက ငယ်စဉ်က ပြိုင်စံရှားအောင်မြင်ခဲ့ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ လွင်မိုးက ရုပ်ရှင်ရိုက်ကူးမှုနည်းပါးသွားပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လွင်မိုးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ အခုချိန်ထိ ချစ်ခင်စွာ စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

Home Stay ကာလမှာ အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့ လွင်မိုးက “Home stay အတွက် ဒီနေ့စပြီး စိတ်ရှိလက်ရှိ အစိတ်အပိုင်းပေါင်း (၅၀၀) ကျော် အသေအချာ ဖြတ်၊ ကော်ကပ်၊ ဆေးသုတ် စအလုပ်ရှုပ်ပါပြီခင်ဗျာ” ဆိုပြီး သူ့ရဲ့ အချိန်ကုန်ဆုံးမယ့်ပုံလေးကို ပြောပြထားပါတယ်။

လွင်မိုးကတော့ အိမ်မှာနေရင်း စိတ်တည်ငြိမ်အောင် အရုပ်လေးတွေဆက်ပြီး နေမယ်လို့ ပြောပြထားပါတယ်။ ပရိသတ်ကြီးရော အိမ်မှာနေရတဲ့တစ်လျှောက် ဘာတွေလုပ်ဖြစ်လဲ ဝေမျှခဲ့ဦးနော်။

Source: Shwe Poe Eain’s fb
Bilie – Cele Connections

error: Alert: Content is protected !!