

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အသက်(၃၆)နှစ်လို့တောင် မထင်ရလောက်အောင် နုပျိုလှပတဲ့ မေကဗျာ”

သဘာဝကျတဲ့ လွန်းတဲ့ “ဗိုက်ပူမ”ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ခတ်ခဲ့တဲ့ မင်းသမီးချော မေကဗျာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အမြဲပျော်ရွှင်တက်ကြွ လန်းဆန်းကာ နုပျိုလွန်းတဲ့ အလှတွေနဲ့ လှပလွန်းတဲ့ မေကဗျာဟာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်အမေလို့ ပြောရင် ယုံလောက်မယ် မထင်ပါဘူး..။ ချစ်စရာကောင်းပြီး အပြင်အဆင်တော်တဲ့ သမီးလေးရဲ့ ပြင်ဆင်ပေးမှုတွေကြောင့် သူမက ပိုလို့ လှလာတာပါလို့ မီဒီယာတစ်ခုရဲ့အင်တာဗျူးလေးမှာ ပြောပြခဲ့ဖူးပါတယ်။

မေကဗျာရဲ့ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အမြဲပြုံးရွှင်နေတဲ့ အမူအကျင့်လေးတွေက ပရိသတ်တွေရဲ့ အချစ်တွေ ပိုစေတဲ့ အချက်လေးလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ဒီနေ့ ဧပြီလ (၈)ရက်နေ့ကတော့ သူမရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်နော်..။ သူမရဲ့ (၃၆)နှစ်ပြည့် မွေးနေ့မတိုင်ခင် ဧပြီလ (၇)ရက်နေ့မှာ “အသက် 36 ပြည့်ရန် နာရီပိုင်းအလို တော်တော်နုတာနော် ဟီး.. Bday girl လေးအိပ်ပါပြီ..။ Goodnight” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မေကဗျာကတော့ တကယ့်ကို အသက်(၃၆)နှစ်လို့ မထင်ရလောက်အောင် နုပျိုလှပလွန်းပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း လှပလွန်းတဲ့ မွေးနေ့ရှင်လေး မေကဗျာအတွက် မွေးနေ့ဆုတောင်းစကားလေးလည်း ပြောပေးသွားကြပါဦးနော်..။
Source: May Kabyar’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!