ယူနီကုဒ်ဖြင့်ဖတ်ရန်
အက်စစ်နဲ့အပက်ခံရတာကို သက်သေပြတယ်ဆိုပြီး အိမ်အကူမလေး မဖွယ်မရာပုံတွေ ဖြန့်ဝေတာကို ကန့်ကွက်လိုက်တဲ့ ဥက္ကာမင်းမောင်
လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင် မင်းရာဇာတို့မိသားစုရဲ့ အိမ်တွင်းရေးပြဿနာအကြောင်းကို အားလုံးသိပြီးကြပြီ ထင်ပါတယ်။ ဒီကနေ့မှာတော့ မင်းရာဇာတို့ ဇနီးမောင်နှံက အိမ်အကူမလေးကို အက်စစ်တဲ့ ပက်တယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်လာပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ်တွေက ထင်မြင်ယူဆချက်တွေ အမျိုးမျိုးပေးနေသလို သရုပ်ဆောင် ဥက္ကာမင်းမောင်ကလည်း သူ့အနေနဲ့ ကန့်ကွက်တာတစ်ခုကို ပြောလာပါတယ်။
“အက်စစ်နဲ့အပက်ခံရတာသေချာတာကို တခြားသူတယောက်က မဟုတ်ပါဘူး ဆိုလို့ သက်သေပြတဲ့အနေနဲ့ အိမ်အကူမလေးရဲ့ မိန်းမအင်္ဂါကို ပုံရိုက်ပြီး facebook တင်တာကို ကန့်ကွက်ပါတယ်။ မိန်းခလေးရဲ့ အနာဂါတ်နဲ့ ဂုဏ်သိက္ခာ သူ့ရဲ့ privacy ကိုငဲ့ညှာပါ။ အိမ်အကူ ကောင်မလေးဘက်က မခံမရပ်နိုင်လို့ သက်သေပြချင်တယ်ဆိုလဲ အချိန်တန်ရင် အမှန်တရားထွက်လာပါလိမ့်မယ်။ အဲ့ဒီလို ပုံတွေတွေ့ရင် report လုပ်ကြပါ။” ဆိုပြီး ပြောထားပါတယ်။
ဥက္ကာမင်းမောင်ကတော့ ဘယ်သူ့ဖက်မှာမှ ဝင်မပါပဲ နှမချင်းကိုယ်ချင်းစာတဲ့ စိတ်တစ်ခုတည်းနဲ့ အိမ်အကူအမျိုးသမီးရဲ့ မဖွယ်မရာပုံတွေ ပျံ့နှံ့သွားမှာစိုးတဲ့ စေတနာနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Okkar Min Maung’s fb
Bilie – Cele Connections
error: Alert: Content is protected !!