

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“သူဖြစ်ချင်တဲ့ဆန္ဒလေးကို ချစ်သူကပါထပ်ပေါင်းရင်း ဆန်အိတ်(၁၀၀)လှူဒါန်းခဲ့တဲ့ ဇေရဲထက်”

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ဇေရဲထက်ကိုတော့ ပရိသတ်တွေနဲ့အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဇေရဲထက်ကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ ဇေရဲထက်ရဲ့အချစ်ရေးဟာဆိုရင် သိပ်မကြာခင်ကမှ သူရဲ့ချစ်သူကို Officialချပြထားတာပဲဖြစ်ပါတယ်။

 

ဇေရဲထက်ကတော့ ကိုရိုနာရောဂါဖြစ်ပွားနေချိန် အိမ်မှာနေရင်း သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ စားစရာပုံရိပ်လေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၈)ရက်နေ့မှာ ဇေရဲထက်က “ဒီနေ့ ကျနော်လုပ်ချင်ခဲ့တဲ့အရာကို ကျနော့်ချစ်သူကပါ ထပ်ပေါင်းပြီး ဆန်အိတ် (၁၀၀)ကို (၇)ရက်သားသမီးအားလုံးအတွက် လှူခဲ့ပါပြီ လိုက်ပါကူညီပြီးအသေးစိတ်ဆောင်ရွက်ပေးတဲ့ အကိုအမ ညီမတွေအကုန်ကျေးဇူးတင်ပါတယ်” ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ လှူဒါန်းမှုအမှတ်တရပုံရိပ်လေးတွေကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် ဇေရဲထက်တို့အလှူဒါန်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဇေရဲထက်တို့ရဲ့မွန်မြတ်လွန်းတဲ့အလှူလေးကို သာဓုခေါ်ပေးခဲ့ကြပါအုံးနော်။
Soure… Zay Ye Htet’s facebook
Angella(CeleConnections)

error: Alert: Content is protected !!