” သူမေရးစပ္ထားတဲ့ Covid -19 နဲ႔ပတ္သက္တဲ့ သီခ်င္းေလးကို သီဆိုမယ့္ အဆိုေတာ္ရဲ႕ ပံုရိပ္ေလးကို မ်က္ႏွာကိုကြယ္ကာ ေဖာ္ျပခဲ့တဲ့ ေမလသံစဥ္ “

CeleConnections ပရိသတ္ႀကီးေရ ေမလသံစဥ္ကေတာ့ ျမန္မာသံစဥ္ သီခ်င္းေလးေတြနဲ႔ ပရိသတ္ရင္ထဲ ေရာက္ရွိလာသူျဖစ္ပါတယ္။ခ်ိဳသာတဲ့ အၿပဳံးေလးေတြအျပင္ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေပါက္ေလးကို ပိုင္ဆိုင္ထားၿပီး အဆိုပညာမွာလည္း အ႐ြယ္နဲ႔မလိုက္ေအာင္ေတာ္လြန္းသူေလးလို႔ ဆိုရမွာပါ။

 

 

မၾကာေသးမီကလည္း လက္ရွိမွာျဖစ္ပြားေနတဲ့Covid -19 နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္းေရးစပ္ထားတဲ့သီခ်င္းေလးကို ကိုယ္တိုင္သီဆိုကာ ပရိသတ္ေတြကို ခ်ျပခဲ့တာပါ။ ဒါ့အျပင္ Covid -19 နဲ႔ပတ္သက္ၿပီးေဆာင္ရန္ေရွာင္ရန္ေတြကို ပရိသတ္ေတြသိရွိေအာင္တိုက္တြန္းႏႈိးေဆာ္ေနတဲ့သူေလးလည္း ျဖစ္ပါတယ္။

 

 

မၾကာေသးမီကလည္း အရမ္းေလးစားၿပီးခ်စ္ခင္ရတဲ့အဆိုေတာ္ႀကီးတစ္ေယာက္အတြက္ သီခ်င္းသစ္ေလးကို ေရးျဖစ္ခဲ့ ၿပီး “အိမ္မွာေနခ်င္တာေပါ့”သီခ်င္းသစ္ေလးေမလကျပင္ဦးလြင္ကေန Demo ပို႔ေပးရန္ကုန္မွာ Vocal အသံသြင္းအရမ္းေလးစားရတဲ့အဆိုေတာ္ ကိုခဏလွ်ိဳ႕ဝွက္ထားမယ္ေနာ္ဘယ္သူျဖစ္မယ္လို႔ထင္လဲဟင္ ? ? ?ေမတၱာနဲ႔Vocal အသံဖမ္းေပးတဲ့ ကိုေဝႀကီး၊အပင္ပန္းခံကူညီအားျဖည့္ေပးတဲ့ ကိုႀကီးေဇယ်ာလင္း(City FM) နဲ႔ ခ်က္ခ်င္းရေအာင္အေကာင္းဆုံးကူညီတီးခတ္ေပးတဲ့ကိုမ်ိဳးေဇာ္ထက္ တို႔ကို ေက်းဇူးအထူးတင္ရပါတယ္ ” ဆိုတဲ့ စာေလးနဲ႕ သီဆိုမယ့္ အဆိုေတာ္ရဲ႕ ပံုရိပ္ေလးကို မ်က္ႏွာကိုကြယ္ကာ ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း အဆိုေတာ္ပံုရိပ္ေလးကိုၾကည့္ၿပီးဘယ္သူျဖစ္မလဲဆိုတာခန္႕မွန္းၾကည့္ပါဦးေနာ္။

 

 

Source :ေမလသံစဥ္ May Melody
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” သူမရေးစပ်ထားတဲ့ Covid -19 နဲ့ပတ်သက်တဲ့ သီချင်းလေးကို သီဆိုမယ့် အဆိုတော်ရဲ့ ပုံရိပ်လေးကို မျက်နှာကိုကွယ်ကာ ဖော်ပြခဲ့တဲ့ မေလသံစဉ် ”

CeleConnections ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပါတယ်။ချိုသာတဲ့ အပြုံးလေးတွေအပြင် ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး အဆိုပညာမှာလည်း အရွယ်နဲ့မလိုက်အောင်တော်လွန်းသူလေးလို့ ဆိုရမှာပါ။

မကြာသေးမီကလည်း လက်ရှိမှာဖြစ်ပွားနေတဲ့Covid -19 နဲ့ပတ်သက်ပြီး ကိုယ်တိုင်းရေးစပ်ထားတဲ့သီချင်းလေးကို ကိုယ်တိုင်သီဆိုကာ ပရိသတ်တွေကို ချပြခဲ့တာပါ။ ဒါ့အပြင် Covid -19 နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိရှိအောင်တိုက်တွန်းနှိုးဆော်နေတဲ့သူလေးလည်း ဖြစ်ပါတယ်။

မကြာသေးမီကလည်း အရမ်းလေးစားပြီးချစ်ခင်ရတဲ့အဆိုတော်ကြီးတစ်ယောက်အတွက် သီချင်းသစ်လေးကို ရေးဖြစ်ခဲ့ ပြီး “အိမ်မှာနေချင်တာပေါ့”သီချင်းသစ်လေးမေလကပြင်ဦးလွင်ကနေ Demo ပို့ပေးရန်ကုန်မှာ Vocal အသံသွင်းအရမ်းလေးစားရတဲ့အဆိုတော် ကို
ခဏလျှို့ဝှက်ထားမယ်နော်ဘယ်သူဖြစ်မယ်လို့ထင်လဲဟင် ? ? ?မေတ္တာနဲ့Vocal အသံဖမ်းပေးတဲ့ ကိုဝေကြီး၊အပင်ပန်းခံကူညီအားဖြည့်ပေးတဲ့ ကိုကြီးဇေယျာလင်း(City FM) နဲ့ ချက်ချင်းရအောင်အကောင်းဆုံးကူညီတီးခတ်ပေးတဲ့ကိုမျိုးဇော်ထက် တို့ကို ကျေးဇူးအထူးတင်ရပါတယ် ” ဆိုတဲ့ စာလေးနဲ့ သီဆိုမယ့် အဆိုတော်ရဲ့ ပုံရိပ်လေးကို မျက်နှာကိုကွယ်ကာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အဆိုတော်ပုံရိပ်လေးကိုကြည့်ပြီးဘယ်သူဖြစ်မလဲဆိုတာခန့်မှန်းကြည့်ပါဦးနော်။

Source :မေလသံစဉ် May Melody
Candy -CeleConnections

error: Alert: Content is protected !!