

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လှပတဲ့ မွေးနေ့ကိတ်ကြီးနဲ့ မိသားစုတစ်ခုလုံးကို ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေမလုပ်ကိုင်တော့ပဲ မိသားစုလေးကို ပိုပြီး အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ခင်ပွန်းဖြစ်သူနဲ့ ကောလဟာလတွေကို ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာတော့ မိသားစုလေးက အရင်ကအတိုင်းပဲ ပျော်ရွှင်စွာ ဖြတ်သန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

မနေ့က ဧပြီလ (၇) ရက်နေ့ကတော့ သဉ္ဇာနွယ်ဝင်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက သူမရဲ့မွေးနေ့မှာ အရမ်းလှတဲ့ မွေးနေ့ကိတ်ကြီးဝယ်ပေးပြီး မွေးနေ့လေးမှာ ပျော်ရွှင်အောင် ထားခဲ့ပေးတဲ့ ခင်ပွန်းကို “Thank you so much pa pa 😍😍😍” ဆိုပြီး ကျေးဇူးတင်စကားလေး ဆိုထားပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ မိသားစုအတွက် အချိန်ပေးပြီး မွေးနေ့မှာ ပျော်ရွှင်အောင်ထားပေးတဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်မဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။

Source: Thinzar Nwewin’s fb
Bilie – Cele Connections

error: Alert: Content is protected !!