ယူနီကုဒ်ဖြင့်ဖတ်ရန်
လတ်တလောနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသားရဲ့အမှုကိစ္စမှာ သုံးယောက်လုံးကို အရှက်ရှိရဲ့လားလို့ ဒဲ့ပြောလာတဲ့ ညီညီမောင် (စမ်းချောင်း)
လတ်တလော ဖေ့စ်ဘုတ်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ အိမ်တွင်းရေးပြဿနာအရှုပ်အရှင်းကို ပရိသတ်ကြီးလည်းသိပြီးသား ဖြစ်ကြမှာပါ။ ပရိသတ်တွေကလည်း ဒီကိစ္စမှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို သဲသဲကွဲကွဲမသိရသေးပေမယ့် ကြားထဲက မသိနားမလည်တဲ့ ကလေးလေးတွေကို သနားနေကြတာ ဖြစ်ပါတယ်။
နိုင်ငံကျော် မိတ်ကပ်ပညာရှင် ဆယ်လီတစ်ဦးဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)ကလည်း “အွန်လိုင်းပေါ်အသံဖိုင်တင်ပြီးအရှက်ခွဲတယ် အခုထပ်အက်ဆစ်နဲ့ပတ်တယ် နင်တို့ သုံးယောက်လုံး အရှက်မှရှိရဲ့လား။ အကုန်ထောင်ချ။ ကလေး ၂ယောက်ပဲ သနားတယ်။ လူလုပ်ရဦးမှာ။ သတင်းတွေကြားရတာ စိတ်တိုလို့သေတော့မယ်။ ကလေးတွေ အတွက် မစဉ်းစားကျတော့ဘူးလား”ဆိုပြီး ဂရုဏာဒေါသနဲ့ ပြောထားပါတယ်။
ညီညီမောင် (စမ်းချောင်း) ကတော့ ဘယ်သူ့ဖက်မှ မလိုက်ပဲ ကြားထဲက ကလေးနှစ်ယောက်ရဲ့အဖြစ်ကို စိတ်မကောင်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Nyi Nyi Maung’s fb
Bilie – Cele Connections
error: Alert: Content is protected !!