

 


 

 


 

 

Source: Aung Khaing’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုပ်ရှင်မရိုက်ရလို့ အကြပ်အတည်းဖြစ်နေတဲ့ ကိုလူချောအဖွဲ့နဲ့ မမများအဖွဲ့ကို မုန့်ဖိုး (၄၁)သိန်း စွန့်ကြဲခဲ့တဲ့ ဆရာတော် အရှင်ဆေကိန္ဒ

လက်ရှိဖြစ်ပွားနေတဲ့ Covid -19 ကပ်ရောဂါကြောင့် အလုပ်တွေအလုပ်လုံးကို ရပ်နားလိုက်ရာ လက်လုပ်လက်စား အလုပ်သမားတွေက တော်တော်လေး ထိခိုက်ရသလို ရုပ်ရှင်လောကက နေ့စားသရုပ်ဆောင်တွေကလည်း အခက်အခဲတွေ ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ကားရိုက်မရှိလို့ ဝမ်းရေးခက်ခဲ့နေတဲ့ ရုပ်ရှင်လောကသားတွေကို ကူညီထောက်ပံ့ပေးကြတဲ့သူတွေကလည်း အများကြီးရှိပါတယ်။

ဓမ္မဒူတဆရာတော်ဘုရား ဘုန်းဘုန်း အရှင်ဆေကိန္ဒကလည်း ကိုလူချောအဖွဲ့နဲ့ မမများအဖွဲ့ကို အစစအရာရာအကြပ်အတည်းဖြစ်နေသောကာလမှာ သုံးစွဲနိုင်ဖို့အတွက် မုန့်ဖိုး (၄၁)သိန်း စွန့်ကြဲလှူဒါန်းပေးခဲ့တယ်လို့ ဝမ်းမြောက်စွာနဲ့ သိရပါတယ်။

ကိုလူချောအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အောင်ခိုင်ကတော့ ကျေးဇူးတော်ရှင်ဘုန်းဘုန်းဦးဆေကိန္ဒ(ဓမ္မဒူတ)နှင့်ဥပဿကာအဖွဲ့အားနှစ်ဖွဲ့လုံးကိုယ်စားအထူးကျေးဇူးတင်ရပါကြောင်း ပြောကြားထားပြီး ဘုန်းဘုန်းသက်တော်ရာကျော်ရှည်၍ဘာသာ/သာသနာ အကျိုးကိုဒီထက်မကစွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးထားပါတယ်။

Source: Aung Khaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!