

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

မနားမနေအလုပ်လုပ်ကိုင်နေရတဲ့ ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်များအတွက် ဆန်များလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

စေတနာကောင်းလှတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ထိန်းချုပ်ကုသရေးနဲ့ ချို့တဲ့တဲ့ မိသားစုဝင်တွေ၊ တိုင်းပြည်အကျိုးအတွက် အလုပ်လုပ်နေရသေးတဲ့ ဝန်ထမ်းတွေကို လိုအပ်တာများ ကူညီထောက်ပံ့ပေးရင်း တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ယူနေကြတာပဲ ဖြစ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာတဲ့ စမိုင်းလ်တို့ မိသားစုက နေ့စဉ်နေ့တိုင်းလိုလို အကူအညီလိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့ ဧပြီလ (၈) ရက်နေ့မှာတော့ စမိုင်းလ်တို့ မိသားစုက ဗဟန်းရဲစခန်းနှင့် တောင်ဥက္ကလာရဲစခန်းရှိ ရဲဝန်ထမ်းများနဲ့ မိသားစုတွေအတွက် ဆန် (၁၀)အိတ်စီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စမိုင်းလ်တို့ရဲ့ အလှူလေးကြောင့် တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်နေရတဲ့ ရဲတပ်သားတွေအတွက် တော်တော်လေး အထောက်အကူပြုစေမှာ သေချာပါတယ်။

စမိုင်းလ်ကတော့ လိုအပ်သူတွေကို နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးရင်း Covid – 19 ကပ်ရောဂါကြီးကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ဆန္ဒပြုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!