

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ပရိသတ်တွေအရမ်းစိုးရိမ်နေတဲ့အချိန် ဟာသဆန်ဆန်လေးနဲ့ ရယ်မောရအောင် လုပ်လိုက်တဲ့ ဂျိုကာ”

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့   ရဲလေးရဲ့ညီဖြစ်သူ ဂျိုကာနဲ့   ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ ဂျိုကာကတော့ နာမည်နဲ့လိုက်အောင် ရယ်မောဖွယ်ကောင်းအောင်လုပ်ပြတဲ့ပုံစံလေးတွေကြောင့် ပရိသတ်တွေကသိလာကြပြီး အားပေးဝန်းရံခံရတဲ့သူပဲဖြစ်ပါတယ်။ ဂျိုကာဟာဆိုရင် ဂီတပိုင်းမှာကျွမ်းကျင်ရုံသာမက ဟာသပိုင်းမှာလည်းကျွမ်းကျင်တဲ့သူဆိုလည်း     မမှားလောက်ပါဘူးနော်။

 

ဂျိုကာကတော့ ကိုရိုနာဖြစ်ပွားနေချိန်မှာ အိမ်ထဲမှာနေရင်း အစ်ကို ဖြစ်သူ ရဲလေးနဲ့ Covid-19နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို သီဆိုခဲ့တဲ့ဗီဒီယိုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဂျိုကာတို့ညီအစ်ကိုနှစ်ယောက်ကတော့ “MUA ဝါးတုတ်လေးရဲ့အစွမ်းတွေပေါ့ ဗျာ ဟီး”ဆိုကာ လှပလွန်းတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာထွက်သွားမြန်မာပြည်ထဲကထွက်သွားဆိုကာ အရမ်းလှလွန်းတဲ့ပုံရိပ်လေးနဲ့မောင်းထုတ်လိုက်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် ဂျိုကာတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဂျိုကာတို့ညီအစ်ကိုနှစ်ယောက်ကို ချစ်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…. Wai Yan Tun Min’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!