

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဒီနှစ်သင်္ကြန်မှာ ပိတောက်ပန်းကိုတောင် မမြင်နိုင်တော့တဲ့ အဖြစ်လေးကြောင့် ဝမ်းနည်းမိတယ်ဆိုတဲ့ စိုးပြည့်သဇင်”

အနုပညာနဲ့ပတ်သက်ရင် အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ တော်တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။စိုးပြည့်လေးကတော့ ကာရိုက်တာတိုင်းကို စိတ်ရောကိုယ်ရော နှစ်ကာ ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် အသက်ငယ်ငယ်လေးနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုကို သိမ်းပိုက်ရရှိထားသူပဲဖြစ်ပါတယ်.။

မိန်းမပီပီသသနဲ့ ရိုးရိုးအေးအေးလေး နေထိုင်တတ်တဲ့ စိုးပြည့်လေးရဲ့ အပြုအမူလေးတွေက ပရိသတ်တွေအချစ်ပိုစေတဲ့ အချက်ဖြစ်မယ် ထင်ပါတယ်နော်..။ သူမရဲ့ ဘဝကို အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ချစ်ရတဲ့ မိဘနှစ်ပါးနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေထိုင်နေတဲ့သူပါ..။ သင်္ကြန်ပွဲတော်ကတော့ လူတိုင်းရဲ့ လွမ်းမောရတဲ့ အမှတ်တရနဲ့ မြတ်နိုးတဲ့ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်နော်..။သင်္ကြန်နဲ့ ပတ်သက်ပြီး ဒီနှစ် (၂၀၂၀)ခုနှစ်မှာတော့ မဆင်နွှဲနိုင်တော့တဲ့ အဖြစ်လေးကြောင့် စိုးပြည့်လေးက “ပိတောက်တစ်မျက်နှာ..ဒီနှစ်သင်္ကြန်တော့ ပိတောက်ပန်းလည်း မတွေ့ရတော့ဘူးပေါ့..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ဒီနှစ်သင်္ကြန်တော့ ပိတောက်ပန်းကိုတောင် မမြင်နိုင်တော့တဲ့ အခြေအနေလေးတွေကြောင့် ဝမ်းနည်းမိတဲ့ သူမရဲ့ ခံစားချက်လေးတွေကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာ လည်း စိုးပြည့်လေးလို သင်္ကြန်ပွဲတော်လေးမှာ ပိတောက်ပန်းကိုတောင် မြင်ခွင့် မရနိုင်တော့တာကြောင့် ဝမ်းနည်းမိတဲ့ သူလေးတွေရှိရင် ခံစားချက်လေးတွေကို  မှတ်ချက်လေးတွေအဖြစ် ရေးပေးခဲ့ကြပါဦးနော်..။
Source: Soe Pyae Thazin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!