

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“တစ်ပွဲကို လူ(၄)ယောက်စားလို့ရတဲ့ ဝက်နံရိုးမီးတောက် ကို ကိုယ်တိုင်ချက် ကာ Delivery ကိုယ်တိုင်ပို့မယ်ဆိုတဲ့ ထူးခြား”

သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိနေတဲ့ သရုပ်ဆောင် ထူးခြားကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အကြမ်းစား အက်ရှင်ကာရိုက်တာတွေနဲ့ လူမိုက်ကြီး ထူးခြား အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွကို ရရှိထားတဲ့သူပဲဖြစ်ပါတယ်..။ ပွင့်ပွင့်လင်းလင်းနဲ့ နေထိုင်တတ်ပြီး ပကာသနမရှိ ဒဲ့ပြောတတ်တဲ့ သူ့ရဲ့ အမူအကျင့်တွေက ပရိသတ်တွေနှစ်သက်စေတဲ့ အချက်တွေထဲက တစ်ခုဖြစ်မယ် ထင်ပါတယ်..။

အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ စနောက်တတ်တဲ့ထူးခြားကတော့ အခုလက်ရှိ အလုပ်တွေနားကာ အိမ်မှာနေရာတာ ပျင်းနေတာကြောင့် စီးပွားရေးလေးတစ်ခုလုပ်မယ့် အကြောင်းလေးကို ဧပြီလ (၇)ရက်နေ့ က “ဒီရက်ပိုင်း အလုပ်တွေလည်း နားထားတယ်..။ အိမ်တွင်းလဲအောင်းနေတာကြာတော့ လူလည်း တော်တော်ပျင်းနေတာနဲ့ ဒီ သင်္ကြန်ပိတ်ရက် ၁၀ ရက်အတွင်း ဝက်နံရိုးမီးတောက် ချက်ရောင်းရင်‌ကောင်းမလားလို့ပါ … ။ Delivery ကိုယ်တိုင်ပို့ပေးဦးမယ်ဗျာ…။ . စားဖူးတဲ့သူတွေကတော့သိမှာပါ ။

တစ်ပွဲကိုအနည်းဆုံး( ၄) ယောက်ကတော့ အေးဆေးစားလို့ရမယ်……။ ဘယ်လိုလဲ စိတ်ဝင်စားကြလား??” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ထူးခြားကတော့ ကိုယ်တိုင်ချက် ဝက်နံရိုး မီးတောက်ကို ကိုယ်တိုင် Delivery လုပ်ကာ အိမ်ထိ လိုက်ပို့မယ့် သူ့ရဲ့စီးပွားရေးလေးကို အားပေးကြဦးမလားလို့ ပရိသတ်တွေကို မေးလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးရော ထူးခြားရဲ့ တစ်ပွဲကို လူ(၄)ယောက် စားလို့ရတဲ့ ဝက်နံရိုးမီးတောက် ကို မှာစားဖို့   အသင့်ဖြစ်နေကြပြီလား…??
Source:Htoo Charr’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!