

 

 


 

 


 

 

Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချို့တဲ့ခဲယဉ်းနေတဲ့ ဘဝတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ ရင်ထဲဆို့နစ်တဲ့အထိဖြစ်ခဲ့တဲ့ ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေကတော့ လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါနဲ့ ပက်သတ်ပြီး စိတ်ရောလူပါ နစ်ပြီး လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက ပြည်သူတွေအတွက် ကျန်းမာရေးအသိပညာပေးခြင်းတွေကိုလည်း ပြုလုပ်နေသလို ချို့တဲ့နွမ်းပါးတဲ့ ပြည်သူတွေကိုလည်း စွန့်ကြဲလှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက မနေ့က ဧပြီလ(၇)ရက်နေ့မှာတော့ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ချို့တဲ့သူတွေကို ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သုဝေက “သူတို့လေးတွေနဲ့တွေ့ရတာ စကားတွေပြောခွင့်ရတာ ကူညီနိုင်တာတွေပြောပြကူညီခွင့်ရတာ ရှေ့ဆက်ဘာတွေလုပ်ပေးနိုင်မလဲဆိုတာတွေအထိ အတွေးတွေအများကြီးရခဲ့တယ်။ ဒီနေ့ အိမ်ပြင်ထွက်ရကျိုးနပ်ခဲ့တယ်။ ဘဝအခြေအနေများစွာကိုမြင်တွေ့ခံစားရတာ ရင်ထဲတစ်ဆို့နေရောပါပဲ။” ဆိုပြီး အမှတ်တရပြောထားပါတယ်။

ချစ်သုဝေကတော့ နှလုံးသားနုသူပီပီ အရာရာကို ခံစားတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စေတနာရှင်လေး ချစ်သုဝေတစ်ယောက် ချို့တဲ့နွမ်းပါးသူတွေအပေါ် ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!