

 

 


 


 

 

Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလေးကို ဂစ်တာလေးတီးပြီး ပရိသတ်တွေကို အမြည်းနားထောင်ခိုင်းခဲ့တဲ့ ဖွေးဖွေး

ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဖွေးဖွေးဟာ သရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်တာမို့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်း အကယ်ဒမီဆုကြီးတွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက သရုပ်ဆောင်တဲ့နေရာမှာသာမကပဲ သီချင်းဆိုခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ ပန်းချီဆွဲခြင်းစတဲ့ အနုပညာတွေမှာလည်း ထူးချွန်ထက်မြက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဖွေးဖွေးက ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးကို ပရိသတ်တွေဆီ အမြည်းကျွေးထားတာကို တွေ့ရပါတယ်။ Cele Connections ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ သီချင်းသီဆိုထားတဲ့ သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဖွေးဖွေးက အနုပညာလောကထဲ စတင်ဝင်ရောက်လာစဉ်ကတည်းက သီချင်းတွေကို သီဆိုထားပြီး အများကြီး ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုနားဆင်ခဲ့ရတဲ့ ဖွေးဖွေးရဲ့ သီချင်းလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!