

 


 

 


 

 

Source: Min Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်ကလည်း မလှူပေးနိုင်၊ လှူပေးနေသူတွေကိုလည်း အပြစ်ပြောနေသူတွေကို ဒဲ့ပြောလိုက်တဲ့ မင်းဦး

အသက်အရွယ်တစ်ခုရောက်သည့်တိုင် ငယ်ငယ်ကအတိုင်း နုပျိုနေဆဲဖြစ်တဲ့ မင်းသားချော မင်းဦးကို လူကြီး၊ လူငယ်တိုင်း ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ မင်းဦးက အနေအေးသူဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းက ဘယ်ကိစ္စကိုမဆို ဝင်ပါလေ့မရှိပေမယ့် ဒီတစ်ခေါက်မှာတော့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေအကြောင်းကို ပြောလာပါတယ်။

“ကိုယ်ကလည်းဘာတစ်ခုမှမလုပ်ပေးနိုင် လုပ်ပေးနေတဲ့သူတွေကိုလည်းSပြစ်တွေထိုင်ပြောနေတဲ့လူတွေကို တွေ့နေ မြင်နေ ကြားနေရတာ တော်တော်ကိုအဆင်မပြေဘူးဗျာ။ တကယ့်စေတနာနဲ့လုပ်လုပ် နာမည်ကြီးချင်လို့ဘဲလှူလှူ attention လိုချင်လို့ဘဲလုပ်လုပ် သူတို့လုပ်ပေးလိုက်လို့ တစ်ဦးတစ်ယောက်အဆင်ပြေသွားရင်ကော မကောင်းဘူးလားဗျာ။ အားလုံးခက်ခဲနေကြတဲ့အချိန် ဘယ်လိုအကြောင်းပြချက်နဲ့ဘဲလှူလှူ ဘယ်လောက်ဘဲလှူလှူ ကျွန်တော်ကတော့ သာဓုခေါ်ပါတယ်ဗျာ။ (ကျွန်တော်ဒါမျိုးရေးလေ့မရှိပါ) ၇/၈ ရက်သားသမီးအပေါင်း ဘေးရန်ကင်းရှင်းကြပါစေ)” ဆိုပြီး ပြောထားပါတယ်။

မင်းဦးပြောသလို အလှူလုပ်တယ်ဆိုတာ ဘယ်လို ရည်ရွယ်ချက်နဲ့ လှူလှူ ကုသိုလ်ရတာပဲမို့ ကောင်းတဲ့မျက်စိလေးနဲ့ ကြည့်ပေးရင် အကောင်းဆုံးပါပဲ။ ပရိသတ်ကြီးရော မင်းဦးပြောတာကို ဘယ်လိုသဘောရလဲ ပြောခဲ့ကြဦးနော်။

Source: Min Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!