

 

 

 


 

 


 

 

Source: Moe Yu San
ယူနီကုတ်ဖြင့်ဖတ်ရန်

” Covid 19 ကိုကာကွယ်ဖို့ အိမ်မှာနေကာ စာဖတ်နေတဲ့ မိုယုစံသားလေး Austin ”

CeleConnections ပရိသတ်ကြီးရေ မိုးယုစံကတော့ ကလေးအမေလို့မထင်ရလောက်အောင် နုပျိုလှပနေတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ ထူးခြားတဲ့မျက်နှာပေါက်လေးနဲ့ ယောကျာ်းလေးပရိသတ်တွေအထူးအားပေးခဲ့ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ကာ အခုချိန်မှာတော့ အနုပညာအလြပ်တွေပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ဘိုဆန်ဆန်ချောမောလှတဲ့ အမေတူသားလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပရိသတ်တွေကတော့ မေမေမိုးယုစံသာမက သားလေး Austin ကိုပါ ချစ်ခင်အားပေးကြတာပါနော် ။

Austin လေးကတော့ ကျောင်းမှာလည်း ဆုတွေရရှိပြီး ငယ်ငယ်လေးနဲ့ ဘာသာတရားကိုင်းရှိင်းတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မိုးယုစံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ Austin လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေကို အမြဲဝေမျှလေ့ရှိတာပါ။ လက်ရှိမှာလည်း Austin လေးက Covid 19 ကိုမဖြစ်အောင်ကာကွယ်ရင် းအိမ်မှာနေကာ စာဖတ်နေကြောင်း မိုးယုစံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မိုးယုရဲ့သားလေး Austin ကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Moe Yu San
Candy – CeleConnections

error: Alert: Content is protected !!