ယူနီကုဒ်ဖြင့်ဖတ်ရန်
“Covid-19ရောဂါအမြန်ဆုံးပျောက်ကင်းကာ   သူမရဲ့အလုပ်တွေကို ပြန်ပြီးလုပ်ချင်နေပြီဆိုတဲ့ ဆောင်းဝတ်ရည်မေ”
MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာနေရာ”ဇာတ်ကားတွေ သက်သက်ဇော်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးချောလေးဆောင်းဝတ်ရည်မေကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ ဆောင်းဝတ်ရည်မေကတော့ သရုပ်ဆောင်ရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ သူမရဲ့Styleဟာဆိုရင် ပေါ့ပေါ့ပါးပါးဝတ်စားတတ်ပြီး ပွင့်လင်းစွာပြောတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုပိုမိုရရှိလာသူတစ်ဦးပဲဖြစ်ပါတယ်
ဆောင်းဝတ်ရည်မေကတော့ ခေတ်စားတဲ့ tik tokလေးကို စတင်ဆော့သူတစ်ဦးပါ။ သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဆောင်းဝတ်ရည်မေက”ရိုက်ကူးရေးတွေလည်း ပြန်လုပ်ချင်နေပါပြီ၊ဒီကပ်ရောဂါကြီးမြန်မြန်ပျောက်ပါတော့လို့”ဆိုကာ သူမရဲ့ ဖြစ်ချင်နေတဲ့ ခံစားချက်လေးတချို့ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ Covid -19 ကြောင့် သူမနဲ့အတူ တခြားအနုပညာရှင်မောင်နှမများလည်း ရိုက်ကူးရေးတွေလုပ်ချင်နေလောက်မယ်ထင်ပါတယ်
CeleConnectionsပရိသတ်တွေအတွက် ဆောင်းဝတ်ရည်မေရဲ့ ခံစားချက်လေးနဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဆောင်းဝတ်ရည်မေလေးကို ချစ်တယ်ဆိုရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါနော်။
Soure…Hsaung Witt Yee May’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!