

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“Covid-19အတွက် အရဲစွန့်ကာကွယ်နေတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုလိုက်တဲ့နေခြည်ဦး”

 

CeleConnections ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Beauty Bloggerမလေးနေခြည်ဦးကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နေခြည်ဦးကတော့ သွက်လက်ချက်ချာတဲ့ သူတစ်ဦးဖြစ်ပြီး ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦးဆိုလည်းမမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကိုလည်းရိုက်ကူးနေပြီး အောင်မြင်မှုပိုမိုရရှိလာအောင်ကြိုးစားနေတဲ့သူပဲဖြစ်ပါတယ်။

အခုလတ်တလောမှာ ကိုဗစ်ရောဂါကြောင့် အိမ်မှာအနားယူနေစဉ် သူမရဲ့အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ဧပြီလ(၇)ရက်နေ့မှာ နေခြည်ဦးကတော့ “လူတိုင်းကြောက်နေကြရတဲ့ #covid19 ကမ့္ဘာ့ကျန်းမာရေးကပ်ဘေးကြီးမှာ မိမိအသက်ထက် ပြည်သူတွေရဲ့ အသက်ကျနိးမာရေးအတွက် ရှေ့တန်းထွက် ကာကွယ်တားဆီးပေးနေတဲ့ medical and social workers သူရဲကောင်းကြီးများအားလုံးကို နေခြည် အပါအဝင် chillies တွေအားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ Coronavirus ရောဂါရဲ့ ကွင်းဆက်ကို ဖြတ်တောက်ဖို့ လူသူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပုံမှန်လုပ်ဆောင်ပါတယ်။ သူရဲကောင်းကြီးတွေ မိမိအိုးအိမ်ကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လာနိုင်ပါစေနော်။We stay home for you !! Fighting”လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာအတွက် အရဲစွန်နေတဲ့သူတွေကို ကျန်းကျန်းမာမာနဲ့အမြန်ဆုံးပြန်ရောက်လာနိုင်ပါစေလို့ ဆုတောင်းပေးရင်း တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ဆုတောင်းပေးလိုက်တဲ့ အကြောင်းလေးနဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း နေခြည်ဦးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတွေရေးပေးခဲ့ကြပါနော်။
Soure… Nay Chi Oo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!