

 

 


 

 


 

 

Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ရေးရန်

Corona Virus ကို ကိတ်မုန့်ထဲဖွက်ထားတယ်ဆိုတဲ့ သမီးတွေကြောင့် ရယ်မောမဆုံးဖြစ်ခဲ့ရတဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေရုံတင်မကပဲ ပျော်စရာကောင်းတဲ့ မိသားစုလေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချစ်သုဝေက အနုပညာအလုပ်၊ အိမ်အလုပ်၊ လူမှုရေးအလုပ်တွေကို လက်မလည်အောင်လုပ်ကိုင်နေရပေမယ့် သမီးလေးနှစ်ယောက်ကိုလည်း အချိန်ပေးရင်း ထိန်းကျောင်းသင်ကြားပေးနေတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက ခေတ်နဲ့သစ်တို့နဲ့အတူတူ ဆော့ရင်း Corona Virus ကို Cupcake ထဲ ထည့်ထားတယ်ဆိုတဲ့ သမီးနှစ်ယောက်ရဲ့ အပြောကြောင့် ရယ်မောမဆုံးဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေအတွက် ချစ်သုဝေတို့ သားအမိတွေ အပြန်အလှန်စကားပြောတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ချစ်သုဝေက “သမီးလေးတွေကြီးလာရင် မေမေတို့ ဒီကပ်ဆိုးကြီးကို ဘယ်လိုတွေကျော်ဖြတ်ခဲ့တယ်ဆိုတာ ပြန်ပြောပြရမယ့်သင်ခန်းစာအရာတစ်ခုပဲ ဖြစ်သွားမှာပဲ” ဆိုပြီး အမှတ်တရတွေကို မျှဝေထားပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!