

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“(၂၀၂၀)ခုနှစ်ကတော့ စိတ်မကောင်းဖြစ်စရာတွေ များလွန်းတဲ့ နှစ်လေးတစ်နှစ်လို့ ဆိုလာတဲ့ နန်းမြတ်ဖြိုးသင်း”

အရုပ်မလေးတစ်ရုပ်လို လှပတဲ့ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ နန်းမြတ်ကတော့ အဆိုပိုင်းမှာလည်း ချိုသာနူးညံ့တဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့ အတူ အခွေတစ်ခွေထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့သူလို့ ပြောရမှာပါ..။

နန်းမြတ်ကတော့ အခွေထွက်ကာ အောင်မြင်ခဲ့ပြီး ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်..။ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားသား Jack Jack လေးကို ထိန်းရင်း အနုပညာအလုပ်ကနေ ခေတ္တအနားယူနေတာပါ..။ သားလေးကိုသာ အချိန်တွေပေးဖြစ်နေတဲ့ နန်းမြတ်လေးကို အားပေးတဲ့ ပရိသတ်တွေကလည်း အားပေးလျက်ရှိနေဆဲပဲဖြစ်ပါတယ်နော်..။ ဒီနေ့ ဧပြီလ (၇)ရက်နေ့မှာတော့ နန်းမြတ်လေးက “ဒီနှစ်စိတ်မကောင်းရတာတွေများနေတယ်.။ ရောဂါဆိုးကြီးဖြစ်လို့လဲစိတ်မကောင်းဘူး.။ သင်္ကြန်မရှိလို့လဲစိတ်မကောင်းဘူး..။

အားလုံးပြီးသွားရင်သင်္ကြန်ပြန်လုပ်ပေးလို့မရဘူးလားဟင်…” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ သူမအတွက်တင်မကဘဲ တစ်နိုင်ငံလုံးအတွက် စိတ်မကောင်းစရာတွေများလွန်းတဲ့ နှစ်တစ်နှစ်လို့ ပြောရမယ် ထင်ပါတယ်နော် ပရိသတ်ကြီး..။ နန်းမြတ်လေးက စိတ်မကောင်းစရာတွေ များလွန်းတဲ့ နှစ်လေးမှာ သင်္ကြန်ကိုလည်း မကျင်းပနိုင်ခဲ့ဘဲ အားလုံးပြီးသွားခဲ့ရင် သင်္ကြန်လေး ပြန်ကျင်းပပေးရင် ကောင်းမှာဆိုတဲ့ သူမရဲ့ အတွေးလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်..။Cele Connections ပရိသတ်ကြီးလည်း နန်းမြတ်လေးနဲ့ အတွေးတူခဲ့ရင်   အပျော်သဘောလေးနဲ့ မှတ်ချက်လေးတွေ ရေးသွားခဲ့ပါဦေးနာ်..။
Source: Nann Myat Phyo Thinn’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!