

 


 

 


 

Source: Chue Chue’s fb
ယူနီကုဒ်ဖြင့်ရေးရန်

လေးစားချစ်ခင်ရတဲ့ အစ်ကိုကြီး ထွန်းထွန်းနဲ့ သံချပ်ထိုးရင်း ပျော်စရာကောင်းတဲ့ Challenge လေး ပြုလုပ်ခဲ့တဲ့ ခြူးလေး

MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် နာမည်ကြီးလာခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ ခြူးလေးက သရုပ်ဆောင်ကောင်းသလို Tik Tok ဆော့တာလည်း အရမ်းကျွမ်းတာကြောင့် ပရိသတ်တွေက Tik Tok ဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီနေ့မှာလည်း ခြူးလေးက လေးစားချစ်ခင်ရတဲ့ အစ်ကိုကြီး ထွန်းထွန်းနဲ့ သံချပ်ထိုးရင်း ပျော်စရာကောင်းတဲ့ Challenge လေး ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ မျှဝေထားပါတယ်။

“ခြူးလေးကတော့ ကိုကြီးထွန်းထွန်းနဲ့ ဘေးကင်းဆင်နွှဲအတာသင်္ကြန်ပွဲသံချပ်Tik Tok Challenge ကို တူတူပါဝင်ကစားလိုက်ပါပြီနော်။ ခြူးလေးချစ်တဲ့ပရိသတ်ကြီးလည်း ပျော်စရာလည်းကောင်း၊ သိသင့်တဲ့ ကျန်းမာရေးအသိတွေလည်းပါတဲ့ ဒီ Tik Tok လေးကိုဝင်ကစားပြီးသင်္ကြန်ကို ဘေးကင်းကင်းနဲ့ဖြတ်သန်းလိုက်ရအောင်နော်” ဆိုပြီး မျှဝေထားပါတယ်။

ပရိသတ်တွေအတွက် ပျော်စရာလည်းကောင်း၊ ကျန်းမာရေး ဗဟုသုတတွေပါဝင်တဲ့ ခြူးလေးနဲ့ ထွန်းထွန်းတို့ရဲ့ Tik Tok လေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း အိမ်မှာပဲ Tik Tok လေးတွေဆော့ရင်း ကျန်းမာအောင်နေကြပါလို့ Cele Connections မှ တိုက်တွန်းလိုက်ပါတယ်နော်။

Source: Chue Chue’s fb
Bilie – Cele Connections

error: Alert: Content is protected !!