” ေမေမနႏၵာလႈိင္ရဲ႕ အႏုပညာေသြးအျပည့္ပါတဲ့ မယ္ေထြးေလးရဲ႕ ဗီဒီယိုဖိုင္ “

CeleConnections ပရိသတ္ႀကီးေရ အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသမီးေဟာင္း နႏၵာလႈိင္ကေတာ့ အထူးတလည္မိတ္ဆက္စရာမလိုေတာ့ပါဘူးေနာ္။ အႏုပညာေလာက ကေနရပ္နားလိုက္ေပမယ့္လည္း ပရိသတ္ေတြကေတာ့ အခုခ်ိန္ထိ အားေပးေနဆဲလို႔ဆိုရမွာပါ။ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေန႔စဥ္လႈပ္ရွားမႈေတြကို အခုခ်ိန္ထိ ပရိသတ္ေတြက အားေပးဆဲ ပါပဲေနာ္။ အိမ္ေထာင္က်ကတည္းကအႏုပညာအလုပ္ေတြရပ္နားကာ မိသားစုကို အခ်ိန္ေပးေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ သမီးေလး (၃)ေယာက္ကိုပိုင္ဆိုင္ထားၿပီး နားလည္မႈရွိကာ ဂ႐ုစိုက္ၾကင္နာတတ္တဲ့ ခင္ပြန္းေကာင္းကိုပိုင္ဆိုင္ထားတယ္လို႔ဆိုရမွာပါ။ ခင္ပြန္းသည္နဲ႔စိတ္တူကိုယ္တူ ျဖစ္ကာ အလႉအတန္းေတြလည္း မၾကာခဏျပဳလုပ္တတ္ၾကတဲ့ အတြက္ ပရိသတ္ေတြအားက်ရတဲ့ စုံတြဲထဲက တစ္တြဲပဲ ျဖစ္ပါတယ္။

သမီးေတြကိုအခ်ိန္ေပးကာ ျပဳစုေစာင့္ေရွာက္ေနတဲ့ နႏၵာလႈိင္တစ္ေယာက္ ခင္ပြန္းသည္အေပၚမွာလည္း အၿမဲ ဂ႐ုစိုက္ၿပီးခ်စ္ေပးတတ္သူျဖစ္ပါတယ္။ သမီးေလး (၃)ေယာက္ထဲကမွ အငယ္ဆံုးသမီးေလးကိုခ်္စႏုိးနဲ႕မယ္ေထြးေလးလို႕ေခၚေလ့ရွိၿပီး မယ္ေထြးေလးကေတာ့ ေမေမနႏၵာလႈိင္ရဲ႕ အႏုပညာေသြးအျပည့္ပါတဲ့ပံုပါပဲေနာ္။လက္ရွိမွာလည္း ဟန္ပါပါေဆာ့ေနတဲ့ မယ္ေထြးေလးရဲ႕ TikTok ေလးကို CeleConnections ပရိသတ္ႀကီးအတြက္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source:Nandar Hlaing
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” မေမေနန္ဒာလှိုင်ရဲ့ အနုပညာသွေးအပြည့်ပါတဲ့ မယ်ထွေးလေးရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဟောင်း နန္ဒာလှိုင်ကတော့ အထူးတလည်မိတ်ဆက်စရာမလိုတော့ပါဘူးနော်။ အနုပညာလောက ကနေရပ်နားလိုက်ပေမယ့်လည်း ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေဆဲလို့ဆိုရမှာပါ။ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နေ့စဉ်လှုပ်ရှားမှုတွေကို အခုချိန်ထိ ပရိသတ်တွေက အားပေးဆဲ ပါပဲနော်။ အိမ်ထောင်ကျကတည်းကအနုပညာအလုပ်တွေရပ်နားကာ မိသားစုကို အချိန်ပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး (၃)ယောက်ကိုပိုင်ဆိုင်ထားပြီး နားလည်မှုရှိကာ ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ။ ခင်ပွန်းသည်နဲ့စိတ်တူကိုယ်တူ ဖြစ်ကာ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်တတ်ကြတဲ့ အတွက် ပရိသတ်တွေအားကျရတဲ့ စုံတွဲထဲက တစ်တွဲပဲ ဖြစ်ပါတယ်။

သမီးတွေကိုအချိန်ပေးကာ ပြုစုစောင့်ရှောက်နေတဲ့ နန္ဒာလှိုင်တစ်ယောက် ခင်ပွန်းသည်အပေါ်မှာလည်း အမြဲ ဂရုစိုက်ပြီးချစ်ပေးတတ်သူဖြစ်ပါတယ်။ သမီးလေး (၃)ယောက်ထဲကမှ အငယ်ဆုံးသမီးလေးကိုချ်စနိုးနဲ့မယ်ထွေးလေးလို့ခေါ်လေ့ရှိပြီး မယ်ထွေးလေးကတော့ မေမေနန္ဒာလှိုင်ရဲ့ အနုပညာသွေးအပြည့်ပါတဲ့ပုံပါပဲနော်။လက်ရှိမှာလည်း ဟန်ပါပါဆော့နေတဲ့ မယ်ထွေးလေးရဲ့ TikTok လေးကို CeleConnections ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Nandar Hlaing
Candy – CeleConnections

error: Alert: Content is protected !!