“အိမ္မွာေနရင္း (၃)ရက္အတြင္းမွာ (၇)ေပါင္ထိ ကိုယ္အေလးခ်ိန္ေတြ က်ေနတယ္လို႕ ဆုိလာတဲ့ စံရတီမိုးျမင့္”

က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာေလး စံရတီ မိုးျမင့္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ စံရတီေလးကေတာ့ အရုပ္မေလးတစ္ရုပ္လို လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ အလွတရားေတြကို ပိုင္ဆိုင္ထားၿပီး က်န္းမာေရးလိုက္စားကာ အမုိက္စားေဘာ္ဒီေကာက္ေၾကာင္းေလးနဲ႕ လွပတဲ့ သူတစ္ဦးပဲျဖစ္ပါတယ္..။ ဇာတ္ရုပ္တိုင္းအတြက္ ကာရိုက္တာအလိုက္ ေျပာင္းလဲမႈေတြကို လုပ္ေဆာင္ကာ ပြင့္ပြင့္လင္းလင္းေနတတ္တဲ့ သူမရဲ႕ အက်င့္ေလးေတြေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနရသူေလးဆုိရင္လည္း မွားမယ္ မထင္ပါဘူး..။

 

 

 

စံရတီေလးက လက္ရွိမွာ အိမ္မွာပဲ ေနကာ က်န္းမာေရးအတြက္ Gym ကစားေနၿပီး ၾကြက္သားအတြက္ အသားေပးကစားနည္းေတြကို ပံုမွန္ေလ့က်င့္လုပ္ေဆာင္ေနတာပါ..။ၾကြက္သားအတြက္ အသားေပးလုပ္ေဆာင္ေနတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ရင္း ခႏၶာကိုယ္အေလးခ်ိန္ေတြ က်ဆင္းလာတဲ့ အေၾကာင္းေလးကို “သုံးရက္အတြင္း 121LB to 114Lb” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

လက္ရွိ ပ်ံ႕နွံ႕ေနတဲ့ ဗိုင္းရပ္စ္အႏၱရာယ္ကေန ကာကြယ္ဖို႕အတြက္ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထိုင္ေနေပမယ့္ ဆက္တိုက္ အေလးခ်ိန္ေတြက်ဆင္းေနတာေၾကာင့္ စိတ္ညစ္ေနတဲ့အေၾကာင္းေလးကို ေရးတင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္. ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ကိုယ္အေလးခ်ိန္ေတြက်ဆင္းေနတဲ့ စံရတီမိုးျမင့္ေလးကို က်န္းမာေရးဂရုစိုက္ဖုိ႕ ေျပာေပးခဲ့ၾကပါဦးေနာ္..။
Source: San Yati Moe Myint’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အိမ်မှာနေရင်း (၃)ရက်အတွင်းမှာ (၇)ပေါင်ထိ ကိုယ်အလေးချိန်တွေ ကျနေတယ်လို့ ဆိုလာတဲ့ စံရတီမိုးမြင့်”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး စံရတီ မိုးမြင့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စံရတီလေးကတော့ အရုပ်မလေးတစ်ရုပ်လို လှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ကျန်းမာရေးလိုက်စားကာ အမိုက်စားဘော်ဒီကောက်ကြောင်းလေးနဲ့ လှပတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်..။ ဇာတ်ရုပ်တိုင်းအတွက် ကာရိုက်တာအလိုက် ပြောင်းလဲမှုတွေကို လုပ်ဆောင်ကာ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူမရဲ့ အကျင့်လေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရသူလေးဆိုရင်လည်း မှားမယ် မထင်ပါဘူး..။

စံရတီလေးက လက်ရှိမှာ အိမ်မှာပဲ နေကာ ကျန်းမာရေးအတွက် Gym ကစားနေပြီး ကြွက်သားအတွက် အသားပေးကစားနည်းတွေကို ပုံမှန်လေ့ကျင့်လုပ်ဆောင်နေတာပါ..။ကြွက်သားအတွက် အသားပေးလုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရင်း ခန္ဓာကိုယ်အလေးချိန်တွေ ကျဆင်းလာတဲ့ အကြောင်းလေးကို “သုံးရက်အတွင်း 121LB to 114Lb” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လက်ရှိ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်နေပေမယ့် ဆက်တိုက် အလေးချိန်တွေကျဆင်းနေတာကြောင့် စိတ်ညစ်နေတဲ့အကြောင်းလေးကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော်. ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကိုယ်အလေးချိန်တွေကျဆင်းနေတဲ့ စံရတီမိုးမြင့်လေးကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောပေးခဲ့ကြပါဦးနော်..။
Source: San Yati Moe Myint’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!