

 


 

 


 

 

Source : Pancake DaDa
ယူနီကုတ်ဖြင့်ဖတ်ရန်

” အချိန်အကုန်ခံပြီး အာရုံစိုက်ဖို့ မတန်တဲ့ လူတွေကို အသိအမှတ်မပြုဖို့ သူ့ရဲ့အမြင်ကိုဝေမျှလိုက်တဲ့ ပန်ကိတ် ”

CeleConnections ပရိသတ်ကြီးရေ ပန်ကိတ်ကတော့ ဒီနေ့မှာ ” ဘဝမှာ လူရယ်လို့ဖြစ်လာပြီဆိုကတည်းကကိုယ့်အချိန်ကို အလဟသ ဖြစ်စေတဲ့လူတွေအများကြီးနဲ့ကြုံတွေ့ရမှာပဲ။အထူးသဖြင့် ဒီလို internet ခေတ်ကြီးမှာဆို ပိုပြီးတော့လူအမျိုးမျိုးနဲ့ကြုံတွေ့ရတာ ပိုလွယ်ကူပါတယ်။အဲ့လိုလူတွေနဲ့ကြုံတွေ့ရတာက ပြသနာမဟုတ်ပါဘူး။ပြသနာက အဲ့လိုလူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါကိုယ့်ရဲ့ တုန့်ပြန်မှုက ပိုအရေးကြီးတယ်ဆိုတာပါပဲ။အချိန်အကုန်ခံပြီး အာရုံစိုက်ဖို့ မတန်တဲ့ လူအစုအဖွဲ့တွေထဲမှာမှကိုယ်အားနည်းချက်တွေကို လိုက်ဖော်တဲ့သူကိုယ်ဘဝတိုးတက်ရေးကို မလိုလားတဲ့သူသူတို့နာကျင်ခံစားခဲ့သလို တပါးသူကို ပြန်နာကျင်စေတဲ့သူ

” နောက်ကျောဓါးထိုးတဲ့သူ အရာရာကို မကောင်းမြင်တတ်တဲ့သူ သူ့ဘဝထက် တခြားသူဘဝကို ပိုစိတ်ဝင်စားပြီး attention လိုက်ရှာတဲ့သူကိုယ့်မကောင်းကြောင်းလိုက်ပြောတဲ့သူအဲ့လိုလူတွေနဲ့ကြုံလာတဲ့အခါအကောင်းဆုံးနည်းလမ်းကတော့အချိန်ကုန်ခံပြီး ဂရုစိုက်မနေဖို့ပါပဲ။ကိုယ်တွေကို ဘယ်သူမှ နစ်နာကျရှုံးနာကျင်သွားအောင်လုပ်လို့မရပါဘူး။ကိုယ်ကိုယ်တိုင် အဲ့လူတွေကို အသိအမှတ်မပြုသ၍ ”

” အားလုံးလည်းဒီ Covid-19 ကြောင့် စိတ်သောကတွေနဲ့ဖြစ်နေကြတဲ့အချိန်မှာတစ်ချို့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ တခြားသော နိုင်ငံတော်စီးပွားရေး ပုံမှန်လည်ပါတ်နိုင်ဖို့ အလုပ်ဝင်နေရတဲ့သူတွေကို ဒါဒါတို့ ဒီကနေ ကျေးဇူးတင်ကြောင်းနဲ့ အမြဲ စိတ်ထဲ အသိအမှတ်ပြုနေမှာဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်။ ” ဆိုတဲ့ စာလေးနဲ့ အသိအမှတ်ပြုဖို့မတန်တဲ့သူတွေအကြောင်းကို ဝေမျှခဲ့ပြီး နိုင်ငံ့အကျိုးပြုသူတွေကိုကျေးဇူးတင်ကြောင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ပန်ကိတ်ရဲ့ အမြင်လေးနဲ့ထပ်တူကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Pancake DaDa
Candy -CeleConnections

 

error: Alert: Content is protected !!