

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သင်္ကြန်သံချပ် သီချင်းအမိုက်စားလေးနဲ့ဆော့ထားတဲ့ ထွန်းထွန်းရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

 

ထွန်းထွန်းကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ထွန်းထွန်းဟာဆိုရင် အနုပညာအဘက်ဘက်ပိုင်းမှာပါ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူဟာဆိုရင် ဆွဲဆောင်မှုရှိတဲ့ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို အခုချိန်ထိအများဆုံးရရှိထားတဲ့သူပဲဖြစ်ပါတယ်။

 

ထွန်းထွန်းကတော့ အခုလတ်တလောမှာ ကိုရိုနာနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၇)ရက်မှာထွန်းထွန်းကကဲပရိတ်သတ်ကြီးရေ…ဒီသင်္ကြန်မှာဘယ်မှမသွားရလို့တော့စိတ်မညစ်ပါနဲ့နော်…ကျွန်တော် KKTT ကတော့တယ်လီနောရဲ့ သံချပ်သီချင်းလေး ဘေးကင်းဆင်နွှဲအတာသင်္ကြန်ပွဲ ကို ညီမလေး ခြူးလေးနဲ့TikTokကစားလိုက်ပြီဗျာ…ပျော်စရာလည်းကောင်း၊သိသင့်တဲ့ကျန်းမာရေးအသိတွေလည်းပါတဲ့ဒီတယ်လီနောTikTokလေးကိုပရိသတ်ကြီးလည်းကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျို့..HappyThinGyanMyanmarStaySafeMyanmar”ဆိုကာ သူရဲ့ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ထွန်းထွန်းဟာဆိုရင် ပရိသတ်တွေကို ပျော်စေချင်တဲ့အတွက်ကြောင့် ဗီဒီယိုလေးကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် ထွန်းထွန်းရဲ့တယ်လီနောသံချပ်သီချင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ထွန်းထွန်းကို ချစ်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Htin Aung Tun’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!