

 


 

 


 

ယူနီကုဒ်ဖြင့်ရေးရန်

ဝမ်းရေးအတွက် သွားလာနေရတဲ့ သက်ကြီးရွယ်အိုနဲ့ နေ့စားလုပ်သားတွေကို လိုအပ်တာတွေအကုန် လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် အကယ်ဒမီ ဝတ်မှုံရွှေရည်က လူလေးလှသလို စိတ်ထားလေးလည်း ပြည့်စုံကောင်းမွန်သူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ ဝတ်မှုံရွှေရည်က အခုလတ်တလောဖြစ်ပွားနေတဲ့ Covid – 19 ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူအတန်းတွေ ပြုလုပ်နေသလို သူမတတ်နိုင်သလောက်လေးလည်း ကူညီဖြည့်စည်းပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က လမ်းပေါ်မှာ အလုပ်လုပ်နေရသေးတဲ့သူတွေအတွက် အလှူလေးပြုလုပ်ခဲ့ကြောင်း အခုလို ပြောပြထားပါတယ်။

“ကစ် လည်း Stay Home နေတာ 10 ရက်ကျော်လာပြီဆိုတော့ ဟိုတနေ့ကစာအုပ်ဖတ်နေရင်း ကစ်တို့ က အိမ်ထဲမှာနေလို့ရပေမယ့် အပြင်မှာ ဝမ်းရေးအတွက် သွားနေရတဲ့ သက်ကြီးရွယ်အိုတွေ နေ့စား လုပ်သားတွေ မယ်သီ လရှင်တွေ တိုင်းပြည်သန့်ရှင်းရေး‌အတွက်မရှိမဖြစ် စည်ပင် ဝန်ထမ်းတွေကို အကူအညီလေးပေးချင်စိတ်လေးဖြစ်လာလို့ ဒီအလှူလေးကို ပြုဖြစ်ပါတယ်ရှင့်။” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။

ပရိသတ်ကြီးအတွက် ဝတ်မှုံရွှေရည်ရဲ့ ကုသိုလ်လေးကို ထပ်တူပီတိဖြစ်စေဖို့အတွက် ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း မင်းသမီးချောလေး ဝတ်မှုံရွှေရည် ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!