

 

 


 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လှိုင်သာယာ Qarantine Centre မှာ အသံနဲ့အလှူလုပ်ပြီး ဖျော်ဖြေပေးခဲ့ကြတဲ့ အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ပရိသတ်အချစ်ဆုံး ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချိုက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ တူညီတဲ့ နယ်ပယ်မှာ ကျင်လည်နေကြတဲ့ အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချိုက စတိတ်ရှိုးတွေမှာလည်း သီချင်းတွေကို သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ယောက်က လှိုင်သာယာ Qarantine centre မှာ စောင့်ကြပ်ကြည့်ရှုခံနေရသူတွေနဲ့ ဆရာဝန်၊ သူနာပြုတွေကို အသံနဲ့အလှူလုပ်ပြီး ဖျော်ဖြေပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချိုရဲ့ သီဆိုမှုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အေးမြဖြူနဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ယောက်ကတော့ ပရိသတ်တွေအတွက် သူမတို့ တတ်နိုင်သလောက်လေး ကူညီလုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: AYE MYA PHYU & Chan Myae Mg Cho’s fb
Bilie – Cele Connections

error: Alert: Content is protected !!