

 

 


 

 


 

 

Source: မင်း ရသ’s fb
ယူနီကုဒ်ဖြင့်ရေးရန်

လူအင်အားအများကြီးနဲ့ စည်ပင်ဝန်ထမ်းလေးကို ပျော်ရွှင်ရအောင် Surprise လုပ်ခဲ့တဲ့ နေဒွေး

ရုပ်ရှင်သရုပ်ဆောင် နေဒွေးက အနုပညာရှင်တစ်ယောက်ဖြစ်သလို အောင်မြင်တဲ့ စီးပွားရေးကိုလည်း ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ နေဒွေးက မနေ့က ဧပြီလ (၆)ရက်နေ့မှာတော့ သူ့ရဲ့ ထမင်းရှင် ပရိသတ်တွေကို ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်ပစ္စည်းတွေ ဝေငှခဲ့ပြီး သူတတ်နိုင်သလောက် ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။

နေဒွေးက အလှူလုပ်ရာမှာ ရိုးရိုးမလုပ်ပဲ ပျော်ရွှင်ကြည်နူးပြီး အံ့သြသွားရအောင် Surprise အစီအစဉ်တွေလည်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ထိုထဲကမှ စည်ပင်ဝန်ထမ်းလေးတစ်ယောက်ကို Surprise လုပ်ရာမှာ လူတွေအများကြီးနဲ့ တကယ်ထင်အောင်လုပ်ခဲ့တာ အရမ်းပျော်စရာကောင်းတာမို့ ပရိသတ်ကြီးအတွက် နေဒွေးရဲ့ အလှူလေးကို မျှဝေပေးလိုက်ပါတယ်နော်။

နေဒွေးကတော့ ကြံကြံဖန်ဖန်ကို စနောက်ခဲ့တာကြောင့် စည်ပင်ဝန်ထမ်းလေးခမျာ ထိတ်လန့်နေရာမှ ရုတ်တရက်ကြီး ပျော်သွားတဲ့ မြင်ကွင်းလေးက တကယ့်ကို ကြည်နူးစရာပါပဲ။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။

Source: မင်း ရသ’s fb
Bilie – Cele Connections

error: Alert: Content is protected !!