Source : Yadanar My
ယူနီကုတ်ဖြင့်ဖတ်ရန်
” လတ်တလောမှာ ဖြစ်နေတဲ့ သူမရဲ့ စိတ်ကူးလေးကို ပြောပြလာတဲ့ ရတနာမိုင် ”
CeleConnections ပရိသတ်ကြီးရေ ရခိုင်သူလေး ရတနာမိုင်ဟာ (၂၀၀၆) ကနေစတင်ပြီး အဆိုတော်လမ်းကြောင်းထဲ စတင်ဝင်ရောက်ခဲ့သူတစ်ဦးပါ..။အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပဲ ဖြစ်ပါတယ်..။ ထွက်ရှိထားတဲ့ သီချင်း Album တိုင်းလဲ အောင်မြင်မှုရရှိထားသူလို့ ဆိုရမှာပါ။
ချစ်စရာအလွန်ကောင်းပြီး လှပပြေပြစ်တဲ့ ဘော်ဒီလေးကိုပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ဟာ ပုရိသ ယောကျာၤးတွေပါမက အမျိုးသမီးပရိတ်သတ်တွေပါ အားပေးမှုခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်..။ ယခု ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိရှိအောင်တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တွေထဲမှာ ရတနာမိုင်လည်းအပါအဝင်ပဲဖြစ်ပါတယ်။
ဒီနေ့မှာလည်း ” Covid 19 အဆုတ်ယောင်ရောဂါနဲ့တော့ မဟုတ်ဘူး ။ Labrador ခွေးလေး အထီးတစ်ကောင်လောက်မွေးချင်တဲ့ ရောဂါဖြစ်နေတယ်။အသိထဲမှာ ရှိရင်ပြောပြပေးကြပါနော်။အထီးလေးလသားအရွယ်လေး ” ဆိုတဲ့စာသားလေးနဲ့ သူမစိတ်ကူးလေးကိုဖော်ပြလာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အိမ်မှာနေရင်း ရတနာမိုင်လေးလို စိတ်ကူဖြစ်မိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Yadanar My
Candy –CeleConnections
error: Alert: Content is protected !!