

 


 

 


 

 

ယူနီကုဒ်ဖြင့်ရေးရန်

မမျှော်လင့်ပဲ ရုတ်တရက်ကွယ်လွန်သွားရှာတဲ့ ချောရတနာနဲ့ သန္တာဗိုတို့ရဲ့ မိခင်ကြီး

အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ ချောရတနာနဲ့ သန္တာဗို တို့ကို အားလုံးချစ်ကြမယ် ထင်ပါတယ်။ ချောရတနာက အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသလို သန္တာဗိုကလည်း မော်ဒယ်လောကမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

ချောရတနာနဲ့ သန္တာဗိုတို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကတော့ သူမတို့ရဲ့ မိခင်ကြီး ဒေါ်သန်းသန်းရီဟာ ဒီကနေ့ ဧပြီလ (၇) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ ဝမ်းနည်းစွာနဲ့ ကြားသိရပါတယ်။

ချောရတနာနဲ့ သန္တာဗိုတို့ကတော့ ခုနက နာရီပိုင်းအထိ ပုံမှန်အတိုင်း လှုပ်ရှားနေဆဲရှိသေးတာမို့ သူမတို့ရဲ့ မိခင်ဟာ ရုတ်တရက်ကွယ်လွန်သွားတာဖြစ်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ ချာရတနာနဲ့ သန္တာဗိုတို့ရဲ့ ကျေးဇူးရှင်မိခင်ကြီး အန်တီဒေါ်သန်းသန်းရီတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: နှင်းဆီရင်ခွင်’s fb
Bilie – Cele Connections

error: Alert: Content is protected !!