” မိန္းကေလးပရိသတ္ေတြ ေထာက္ခံကာ အသည္းတယားယားျဖစ္ေစမယ့္ ဗီဒီယိုဖိုင္ ေလးကိုခ်ျပလိုက္တဲ ပိုင္တံခြန္ “

CeleConnections ပရိသတ္ႀကီးေရ ပိုင္တံခြန္ကေတာ့ ေယာက်ာ္းပီသတဲ့ ေဘာ္ဒီအမိုက္စားနဲ႕ ေခ်ာေမာတဲ့႐ုပ္ရည္ကုိ ပုိင္ဆုိင္ထားတဲ့ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ ပရိသတ္အားေပး၀န္းရံမႈကုိ ထိပ္ဆုံးကရရွိေနသူတစ္ေယာက္လို႔ ဆုိရမွာပါ။ ပိုင္တံခြန္ကေတာ့ ကုိရီးယားမင္းသားတစ္ေယာက္လို စတိုင္မိတဲ့အျပင္ ပုခုံးေပၚ၀ဲက်ေနတဲ့ ဆံပင္စတိုင္ ေၾကာင့္ မိန္းကေလးပရိသတ္ေတြသေဘာက်ေနရတဲ့ အခ်က္ထဲက တစ္ခ်က္ပါပဲေနာ္။ ပုိင္တံခြန္ကေတာ့ ျပည္တြင္းသာမ ျပည္ပႏုိင္ငံကမိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းခံရတဲ့သူပဲ ျဖစ္ပါတယ္။

 

ပိုင္တံခြန္ဟာ ေအာင္ျမင္မႈေတြကုိ တစ္ဆင့္ၿပီးတစ္ဆင့္ရရွိလာတာနဲ႔အမ်ွ သူပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ေၾကာ္ျငာေတြကိုလည္း ပရိသတ္ေတြက သေဘာက်အားေပးေနၾကတာပါ။ ျမန္မာႏုိင္ငံမွာသာမက ျပည္ပမွာပါ အႏုပညာအလုပ္ေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ေနတဲ့ ပိုင္တံခြန္ရဲ႕ အခ်စ္ေရးကိုလည္း ပရိသတ္ေတြက အထူးစိတ္၀င္စားေနၾကပါေသးတယ္။

 

 

အခုခ်ိန္ထိ တစ္ေယာက္ထဲ Single အျဖစ္နဲ႕ အႏုပညာအလုပ္ေတြကို တစိုက္တမတ္လုပ္ကိုင္ေနတဲ့ ပိုင္တံခြန္ကေတာ့ သူ႔ရဲ႕အခ်စ္ေတြကို သူခ်စ္တဲ့ ပူစီေလးေတြနဲ႕ ပရိသတ္ေတြဆီ အျပည့္အဝေပးထားတယ္လို႕ သိရပါတယ္။ တိရိစာၦန္ေလးေတြကို ခ်စ္တတ္တဲ့ ပိုင္တံခြန္ကေတာ့ ဒီေန႕မွာလည္း သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာ ႏႈတ္ခမ္းနီမေလးေတြ အသည္းတယားယားျဖစ္ေစမယ့္ ဗီဒီယိုဖိုင္ေလးကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာ My Day မွာ ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ” အိမ္မွာဒိထက္ဆက္ေနရင္မေကာင္းေတာ့ဘူးထင္တယ္ ” ဆိုတဲ့ စာေလးနဲ႕ ဝိတ္တက္လာေၾကာင္း သူ႕ရဲ႕ဗိုက္ပူလာပံုကို ဗီဒီယိုရုိက္ျပခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီး ေရာ အသည္းယားဖို႕ေကာင္းတဲ့ ပိုင္တံခြန္ရဲ႕ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Paing Takhon
Candy –CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” မိန်းကလေးပရိသတ်တွေ ထောက်ခံကာ အသည်းတယားယားဖြစ်စေမယ့် ဗီဒီယိုဖိုင် လေးကိုချပြလိုက်တဲ ပိုင်တံခွန် ”

CeleConnections ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ဘော်ဒီအမိုက်စားနဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်အားပေးဝန်းရံမှုကို ထိပ်ဆုံးကရရှိနေသူတစ်ယောက်လို့ ဆိုရမှာပါ။ ပိုင်တံခွန်ကတော့ ကိုရီးယားမင်းသားတစ်ယောက်လို စတိုင်မိတဲ့အပြင် ပုခုံးပေါ်ဝဲကျနေတဲ့ ဆံပင်စတိုင် ကြောင့် မိန်းကလေးပရိသတ်တွေသဘောကျနေရတဲ့ အချက်ထဲက တစ်ချက်ပါပဲနော်။ ပိုင်တံခွန်ကတော့ ပြည်တွင်းသာမ ပြည်ပနိုင်ငံကမိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံရတဲ့သူပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာတာနဲ့အမျှ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက သဘောကျအားပေးနေကြတာပါ။ မြန်မာနိုင်ငံမှာသာမက ပြည်ပမှာပါ အနုပညာအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါသေးတယ်။

အခုချိန်ထိ တစ်ယောက်ထဲ Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို တစိုက်တမတ်လုပ်ကိုင်နေတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့အချစ်တွေကို သူချစ်တဲ့ ပူစီလေးတွေနဲ့ ပရိသတ်တွေဆီ အပြည့်အဝပေးထားတယ်လို့ သိရပါတယ်။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ပိုင်တံခွန်ကတော့ ဒီနေ့မှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နှုတ်ခမ်းနီမလေးတွေ အသည်းတယားယားဖြစ်စေမယ့် ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My Day မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ” အိမ်မှာဒိထက်ဆက်နေရင်မကောင်းတော့ဘူးထင်တယ် ” ဆိုတဲ့ စာလေးနဲ့ ဝိတ်တက်လာကြောင်း သူ့ရဲ့ဗိုက်ပူလာပုံကို ဗီဒီယိုရိုက်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီး ရော အသည်းယားဖို့ကောင်းတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Paing Takhon
Candy –CeleConnections

error: Alert: Content is protected !!