“မဂၤလာသက္တမ္း(၁၃)နွစ္ျပည့္အထိမ္းအမွတ္ေလးမွာ စကားလံုးလွလွေလးနဲ႕ ဇနီးျဖစ္သူကို ခ်ဳပ္လိုက္တဲ့ ကိုေပါက္”

သရုပ္ေဆာင္ ဒါရိုက္တာ ကိုေပါက္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ကိုေပါက္ကေတာ့ ဇာတ္လမ္းရဲဲ႕ ဇာတ္ပို႕ေနရာေတြမွာ က်ရာေနရာကေန အေကာင္းဆံုးပံ့ပိုးေပးနိုင္တဲ့ ဇာတ္ပို႕ေကာင္းတစ္ေယာက္ျဖစ္ခဲ့ၿပီး အခုခ်ိန္မွာဆုိရင္လည္း ရိုက္ခ်က္ေကာင္းေတြနဲ႕ ပရိသတ္ေတြရဲ႕ ရင္ထဲထိ ထင္က်န္ေစမယ့္ ဇာတ္ကားေတြကို ရိုက္ကူးေနတဲ့ ဒါရိုက္တာေကာင္း တစ္ေယာက္လည္း  ျဖစ္ပါေသးတယ္..။

 

 

 

ကိုေပါက္က လတ္တေလာမွာ သူ႕ရဲ႕ အနုပညာလႈပ္ရွားမႈပံုရိပ္ေလးေတြနဲ႕ ႀကိဳးစားပံုေဖာ္ေနတဲ့ ဇာတ္ကားေလးေတြအေၾကာင္းရယ္၊ သူ႕ရဲ႕ ခ်စ္ရသူ မိန္းမနဲ႕ စတင္ခ်စ္သူျဖစ္ခဲ့ပံုေလးနဲ႕ ဒါရိုက္တာစလုပ္ျဖစ္ခဲ့တဲ့ အေၾကာင္းေလးေတြကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ ေရးတင္ခဲ့သူပါ..။ ဒီေန႕ ဧၿပီလ (၇)ရက္ေန႕မွာေတာ့ သူ႕ရဲ႕ ခ်စ္ဇနီးနဲ ႕အိမ္ေထာင္သက္တမ္း (၁၃)နွစ္ျပည့္ခဲ့တဲ့ မဂၤလာနွစ္ပတ္လည္ေန႕ေလးမွာ “လြန္ခဲ့ေသာ (၁၃) ႏွစ္က သူတို႔၂ေယာက္ဟာ အခ်စ္တစ္ခုတည္းကို ဦးတည္ၿပီး ဒီအခ်ိန္ မႏၱေလးမွာ လက္ထပ္ခဲ့ၾကတယ္။ (၁၃)ႏွစ္ျပည့္မဂ္လာႏွစ္ပတ္လည္… ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ၊ ဆိုးလိုက္ ေကာင္းလိုက္ေတြ ၾကားကေန အခုထိ အနားမွာခ်စ္ေပးေနလို႔ အရမ္းျမတ္ႏိုးရပါတယ္ ခ်စ္သူ။” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

ကိုေပါက္ကေတာ့ မိန္းမျဖစ္သူနဲ႕ ရည္းစားျဖစ္ေနတဲ့ အခ်ိန္မွာလည္း ရည္းစားေတြ ရွိခဲ့ေပမယ့္ အခ်စ္ဆံုး မိန္းမကိုသာ ေရြးခ်ယ္ခဲ့ၿပီး အခ်စ္ေတြနဲ႕ ဘဝတစ္ခုကို တည္ေထာင္ခဲ့တဲ့ သူတို႕နွစ္ေယာက္အခ်စ္ခရီးလမ္း မဂၤလာသက္တမ္း(၁၃)နွစ္ျပည့္တဲ့အထိ အနားမွာ အျမဲတမ္း ခ်စ္ေပးေနတဲ့ ဇနီးျဖစ္သူကို ျမတ္နိုးတန္ဖိုးထားတဲ့အေၾကာင္းေလးကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း မဂၤလာသက္တမ္း (၁၃)နွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ ကိုေပါက္တို႕ ဇနီးေမာင္နွံအတြက္ ဂုဏ္ျပဳဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါဦးေနာ္..။
Source: Aung Min Naing’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မင်္ဂလာသက်တမ်း(၁၃)နှစ်ပြည့်အထိမ်းအမှတ်လေးမှာ စကားလုံးလှလှလေးနဲ့ ဇနီးဖြစ်သူကို ချုပ်လိုက်တဲ့ ကိုပေါက်”

သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကိုပေါက်ကတော့ ဇာတ်လမ်းရဲ့ ဇာတ်ပို့နေရာတွေမှာ ကျရာနေရာကနေ အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာဆိုရင်လည်း ရိုက်ချက်ကောင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိ ထင်ကျန်စေမယ့် ဇာတ်ကားတွေကို ရိုက်ကူးနေတဲ့ ဒါရိုက်တာကောင်းတစ်ယောက်လည်း ဖြစ်ပါသေးတယ်..။

ကိုပေါက်က လတ်တလောမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ကြိုးစားပုံဖော်နေတဲ့ ဇာတ်ကားလေးတွေအကြောင်းရယ်၊ သူ့ရဲ့ ချစ်ရသူ မိန်းမနဲ့ စတင်ချစ်သူဖြစ်ခဲ့ပုံလေးနဲ့ ဒါရိုက်တာစလုပ်ဖြစ်ခဲ့တဲ့ အကြောင်းလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့သူပါ..။ ဒီနေ့ ဧပြီလ (၇)ရက်နေ့မှာတော့ သူ့ရဲ့ ချစ်ဇနီးနဲ့အိမ်ထောင်သက်တမ်း (၁၃)နှစ်ပြည့်ခဲ့တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ “လွန်ခဲ့သော (၁၃) နှစ်က သူတို့၂ယောက်ဟာ အချစ်တစ်ခုတည်းကို ဦးတည်ပြီး ဒီအချိန် မန္တလေးမှာ လက်ထပ်ခဲ့ကြတယ်။ (၁၃)နှစ်ပြည့်မဂ်လာနှစ်ပတ်လည်… ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ၊ ဆိုးလိုက် ကောင်းလိုက်တွေ ကြားကနေ အခုထိ အနားမှာချစ်ပေးနေလို့ အရမ်းမြတ်နိုးရပါတယ် ချစ်သူ။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကိုပေါက်ကတော့ မိန်းမဖြစ်သူနဲ့ ရည်းစားဖြစ်နေတဲ့ အချိန်မှာလည်း ရည်းစားတွေ ရှိခဲ့ပေမယ့် အချစ်ဆုံး မိန်းမကိုသာ ရွေးချယ်ခဲ့ပြီး အချစ်တွေနဲ့ ဘဝတစ်ခုကို တည်ထောင်ခဲ့တဲ့ သူတို့နှစ်ယောက်အချစ်ခရီးလမ်း မင်္ဂလာသက်တမ်း(၁၃)နှစ်ပြည့်တဲ့အထိ အနားမှာ အမြဲတမ်း ချစ်ပေးနေတဲ့ ဇနီးဖြစ်သူကို မြတ်နိုးတန်ဖိုးထားတဲ့အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း မင်္ဂလာသက်တမ်း (၁၃)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကိုပေါက်တို့ ဇနီးမောင်နှံအတွက် ဂုဏ်ပြုဆုမွန်ကောင်း  တောင်းပေးခဲ့ကြပါဦးနော်..။
Source: Aung Min Naing’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!