

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြုံးသင့်ရင်တော့ ပြုံးရမှာပဲဆိုတဲ့ မေမြင့်မိုရ်”

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မေလေးကတော့ “ပန်းနုသွေး”ဖာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အသည်းအိမ်ကို သိမ်းပိုက်နိုင်ခဲ့သူလို့ ဆိုရမှာပါ..။ လက်ရှိမှာ ပြသနေတဲ့ “အရိပ်”ဇာတ်လမ်းတွဲလေးမှာလည်း စုစုလှိုင်ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာပဲဖြစ်ပါတယ်နော်..။

မေမြင့်မိုရ်လေးကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ လက်ရှိမှာ ပြသနေတဲ့ “အရိပ်” ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ရှုတင်ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ(၇)ရက်နေ့မှာတော့ “ အရိပ်”ဇာတ်လမ်းထဲက စုစုလှိုင်လေး တက္ကသိုလ်မှာ Queen ရလို့ ပျော်နေတဲ့ ပုံရိပ်လေးတွေကို “ပြုံးသင့်ရင်တော့ပြုံးရမှာပေါ့ မဟုတ်ဘူးလား…။ အရိပ်…စုစုလှိုင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ဘယ်လိုအခြေအနေဖြစ်ဖြစ် အပြင်က မေမြင့်မိုရ်မဟုတ်တဲ့ ပြုံးသင့်ရင်တော့ ပြုံးရမှာပဲဆိုတဲ့ စုစုလေးတစ်ယောက်ကတော့ ပရိသတ်တွေအတွက် နှစ်သက်စေမယ့် ဇာတ်ကောင်လေး မြစ်မယ် ထင်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း “အရိပ်” ဇာတ်လမ်းတွဲက မေမြင့်မိုရ်လေးရဲ့ စုစုကာရိုက်တာလေးကို သဘောကျရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: May Myint Mo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!